News

POST SECTION

2020-ELECTION

23-Jul-2020
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တို့သည် ၎င်းတို့၏ မူလမဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်း တာမွေမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့မှ ဝင်ရောက်ယဉ်ပြိုင်မည်ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
23-Jul-2020
မန္တလေးတိုင်းအတွင်း အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ်မဲပေးမည့်လူငယ် သုံးသိန်း (၂၈၀၀၀၀ ခန့်) ရှိနေကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
23-Jul-2020
မကြာမီကျင်းပတော့မည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ အားလုံး မဲပေးကြရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဝင် ဦးဝင်းကိုက တိုက်တွန်းပြောကြား သည်။
22-Jul-2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းများအတိုင်း မဲဆွယ်စည်းရုံးမည်ဖြစ်ကြောင်း ယင်းပါတီ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
22-Jul-2020
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဝင်းတင့်ကို ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပသော လွှတ်တော်အရေးပေါ်အစည်းအဝေး ၄/၂၀၂၀ ပထမနေ့တွင် ခန့်အပ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။
22-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
22-Jul-2020
“ညွန့်ပေါင်းအစိုးရပုံစံက အလားအလာအမျိုးမျိုးရှိတယ်။ သို့သော် တိုင်းရင်းသားအခွင့်အရေးတွေ သေချာပေါက်ရမယ်လို့ မပြောနိုင်ဘူး”
22-Jul-2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို ဇူလိုင်လ ၂၃ ရက် နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
20-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဆိပ်ကြီးခနောင်တို့မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားပြီး ပြန်လည်ရုပ်သိမ်းလိုက်ရသော်လည်း ပါတီအောင်နိုင်ရေး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက The Voice Daily သို့ အတည်ပြုပြောကြားသည်။
20-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမြန်ထုတ်ပြန်ပေးရန်လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမ က The Voice Daily သို့ ပြောကြားသည်။
19-Jul-2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဋ္ဌများဖြစ်သည် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ ၂၀၂၀ ရွေးကောက်ပွဲ ဝင်၊ မဝင် ဇူလိုင်လ ၂၁ ရက်နေ့တွင်ကျင်းပမည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
19-Jul-2020
လူတစ်ယောက်ဟာ ၁၉၆၀ - ၆၂ ခုနှစ် ပတ်ဝန်းကျင် လောက်မှာ မြန်မာနိုင်ငံမှာ မွေးတဲ့လူဆိုရင် တော်လှန်ရေးအစိုးရလို့ ခေါ်တဲ့ ဦးနေဝင်းအစိုးရ ခေတ်ဝန်းကျင်မှာ မွေးတဲ့မျိုးဆက်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီမျိုးဆက်က စစ်အာဏာရှင် စနစ်ရဲ့ သားကောင် မျိုးဆက်လို့ပြောရင်မလွဲဘူးလို့ ထင်ပါတယ်။ တိုတိုပြောရရင် ၁၉၆၀ အချိန်လောက် ကစပြီး ၂၀၁၅ ခုနှစ်လောက်အထိ မြန်မာနိုင်ငံဟာ ညံ့ဖျင်းလွန်းပြီး ကိုယ်ကျိုးရှာလွန်းတဲ့ အုပ်ချုပ်မှုအောက် ရောက်ခဲ့ပါတယ်။
18-Jul-2020
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) အနေနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်မဟုတ်ဘဲ ရခိုင်မှလွဲ၍ ကျန်မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောကြားသည်။
18-Jul-2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် လူငယ်အဖွဲ့အင်အားဖြင့် စည်းရုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ကလေးမြို့နယ် အထွေထွေအတွင်းရေးမှူး ဦးပုမ်ဆွင်းထန်က The Voice Daily သို့ ပြောကြားသည်။