News

POST SECTION

2020-ELECTION

31-Jul-2020
မကွေးတိုင်း ချောက်မြို့နယ် အမှတ် ၂ မဲဆန္ဒ နယ်ကိုယ်စားပြုမည့် တိုင်းလွှတ်တော်ကိုယ်စားလှယ်‌လောင်းကို ပြန်လည် ရွေးချယ်ပေးရန် ကျေးရွာ ၂၂ ရွာမှ ဒေသခံနှစ်ထောင်ခန့်က လက်မှတ်ရေးထိုးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုရုံးချုပ်) ထံ တင်ပြတောင်းဆိုထားသည်ဟု ၎င်းတို့က ပြောဆိုသည်။
30-Jul-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားများပါတီအနေနှင့် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာနှစ်ခုကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးထွန်းမင်းက The Voice Daily သို့ ပြောကြားသည်။
29-Jul-2020
“ဒေသခံက လက်မခံဘဲနဲ့ ဗဟိုက ချပေးလို့ဆိုပြီးတော့ ပဋိပက္ခဖြစ်တဲ့ ကိစ္စမျိုးတွေကို ကျွန်တော်တို့ကိုယ်တိုင်လည်း သင်ခန်းစာယူပါတယ်”
28-Jul-2020
ရန်ကုန်တိုင်းတွင် ပထမအကြိမ်မဲပေးနိုင်မည့် လူငယ်ခုနစ်သိန်းခန့်တိုးလာသည်ဟု ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောကြားသည်။
28-Jul-2020
NLD ပါတီက ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ သူ့လူကိုယ့်လူထိုးထည့်သည်များရှိသည်ဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးခွန်မောင်စိုးက နေပြည်တော်ရှိ NLD ပါတီယာယီ ဌာနချုပ်ရုံးခွဲသို့ လာရောက်ကန့်ကွက်ခဲ့သည်။
27-Jul-2020
ဧရာ၀တီတိုင်း အစိုးရအဖွဲ့ဝင်များဖြစ်ကြသော ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် အစိုးအဖွဲ့ဝင်ဝန်ကြီး လေးဦးတို့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု၍ ပြန်လည် ယှဉ်ပြိုင်ဖြစ်ကြောင်း ယင်းပါတီ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်း ထုတ်ပြန်ချက်အရ သိရသည်။
27-Jul-2020
လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောကြားသည်။
27-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်သူဦးရေ အတိအကျကို ပြင်ဆင်ဖြည့်စွက်ပြီး ဒုတိယအကြိမ် ကပ်ထားချိန်မှသာ အတိအကျသိရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
27-Jul-2020
ရွေးကောက်ပွဲ နိုင်ငံရေးကိုစိတ်ပျက်၍ မဲပေးချင်စိတ်မရှိတော့ဟုဆိုလျှင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးခေါင်းဆောင်များတွင် တာဝန်ရှိသည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
26-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူတိုင်းဒေသကြီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
26-Jul-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများမဲပေးနိုင်ရန် မှတ်ပုံတင်ပြုလုပ်ပေးရန် အဓိကလိုအပ်ကြောင်း ခရမ်းရောင်ကြာပန်း မသန်စွမ်းသူများ၏ စီးပွားရေးအဖွဲ့ (မြန်မာ)၏ ဒါရိုက်တာ ဒေါ်ခင်မျိုးစုက The Voice Daily သို့ ပြောကြားသည်။
25-Jul-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
25-Jul-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အခြေခံမဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အိမ်ထောင်တစ်စုလျှင် တစ်ဦး လာရောက်ကြည့်ရှုရန် မေတ္တာရပ်ခံကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
24-Jul-2020
“ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးကတော့ တိုက်ရိုက်အချိုးကျတယ်လို့ ကရင်ပြည်နယ်အနေနဲ့ ပြောလို့ရပါတယ်”