News

POST SECTION

2020-ELECTION

04-Mar-2020
ရန်ကုန်မြို့တွင် အမျိုးသားရေးလှုပ်ရှားမှုများရှိနေပြီး တရားဝင်နိုင်ငံရေးပါတီတစ်ခုအနေနှင့် အခက်အခဲရှိသည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်မရှိကြောင်း အမျိုးသားတိုးတက်မြင့်မားရေးပါတီဥက္ကဋ္ဌ ဦးကျော်စိန်က The Voice Daily သို့ ပြောကြားသည်။
03-Mar-2020
နိုင်ငံရေးပါတီတစ်ခုအနေနှင့် ပြည်သူများ၏ မှတ်ကျောက်တင်ခံရမည့် အဆုံးအဖြတ်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဖြစ်မြောက်စေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မြင့်က The Voice Daily သို့ ပြောကြားသည်။
03-Mar-2020
“ဝ” ဒေသအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) အနေနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း UWSA ထံမှ သိရသည်။
02-Mar-2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရမှဖြစ်မည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌတာဝန်ယူထားသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
01-Mar-2020
ပြည်ထောင်စုလွှတ်တော် နယကဟောင်းနှင့် ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရဦးရွှေမန်းသည် ရန်ကုန်မြို့တော်ရှိ မြေကွက်နှစ်ကွက်ကိုရောင်းချပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို တည်ထောင်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာယီစည်းရုံးရေးမှူးတာဝန်ခံ ဦးတင်မောင်ဦးက ပြောကြားသည်။
01-Mar-2020
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ယှဉ်ပြိုင်မည်ဖြစ်ကြောင်း UBP ရန်ကုန်တိုင်းဒေသကြီး ယာယီစည်းရုံးရေးတာဝန်ခံ ဦးတင်မောင်ဦးက ပြောကြားသည်။
29-Feb-2020
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုဒီမိုကရေစီပါတီအနေနှင့် မြို့နယ်လေးမြို့နယ်တွင် မဲဆန္ဒနယ် ၁၅ နေရာခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်ဆွေက The Voice Daily သို့ ပြောကြားသည်။
24-Feb-2020
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်ပါတီမှ လှိုင်သာယာ (အရှေ့) နှင့် (အနောက်) မြို့နယ်တို့၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် မဲဆွယ်စည်းရုံးရေးသင်တန်းပေးသွားမည်ဖြစ်ကြောင်း ရပ်ကျေးစည်းရုံးရေးမှုးများထံမှ သိရသည်။
24-Feb-2020
လက်နက်ကိုင်ပဋိက္ခများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ရှမ်းနီလူမျိုးများ နစ်နာမှုရှိနေပါက အကြောက်တရားမရှိ ရပ်တည်ပေးမည်ဖြစ်ကြောင်း ရှမ်းနီပါတီဥက္ကဌ ဦးဌေးအောင်က ကတိပေးပြောကြားလိုက်သည်
24-Feb-2020
ရှမ်းနီသွေးစည်းညီညွှတ်ရေးပါတီ နှင့် ရှမ်းနီပါတီနှစ်ခုကို ပြန်လည်ပေါင်းစည်းရန်အတွက် မူအားဖြင့် ထပ်မံသဘောတူညီမှုရရှိခဲ့ကြောင်း ရှမ်းနီပါတီဗဟို ကော်မတီဝင်များထံမှသိရသည်။
24-Feb-2020
အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ပါတီက တိုင်းဒေသကြီးများတွင်သာ အဓိကထားယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ပါက တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က The Voice Daily သို့ ပြောကြားသည်။
22-Feb-2020
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတွင် ယခင် သမ္မတရုံးဝန်ကြီးဟောင်း ဦးလှထွန်းအပါအဝင် ပါတီဒုတိယ ဥက္ကဌ ၂ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ၃ ဦးကို ထပ်မံခန့်အပ်လိုက်ကြောင်း ယင်းပါတီက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
21-Feb-2020
၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် လူ့အခွင့်အရေးများကို တန်ဖိုးထားကျင့်သုံးသည့် အစိုးရတစ်ရပ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဥရောပသမဂ္ဂ (EU) က ချီးမြှင့်သည့် ရှူးမန်းဆုရရှိသူ မလွေးပိုးငယ်က ပြောကြားသည်။
20-Feb-2020
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်နှင့်လူမျိုးအကျိုးကို ဆောင်ရွက်မည့်ပါတီကိုသာ မဲပေးသွားကြရန် ၇၂ ကြိမ်မြောက်ချင်း အမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်(CNLD)မှ ဗဟိုအလုပ်မှုဆောင်ဒေါ်စုံဇီးမန်က တောင်းဆိုလိုက်သည်။
20-Feb-2020
၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်က The Voice Daily သို့ ပြောကြားသည်။