News

POST SECTION

2020-ELECTION

11-Aug-2020
အခုလာမယ့် ရွေးကောက်ပွဲရလဒ်အခြေအနေကို အကြမ်းဖျင်းလေ့လာကြည့်ရမယ်ဆိုရင်တော့ ပထမဦးဆုံး တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ရရှိနိုင်မယ့်ရလဒ်တွေကိုသာ ကနဦးတွက်ဆကြည့်ရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အဓိကရင်ဆိုင်ရတဲ့ပြိုင်ဘက်ပါတီက ၄ ခု လောက်သာရှိပေမယ့်လည်း အခု ၂၀၂၀ မှာတော့ ၂ဆ ၈ ခုလောက်ဖြစ် လာနေပါတယ်။ ဒီအထဲကမှ NLD၊ USDP ၊ UBP ၊ PPP၊ ပြည်သူ့ပါတီ တွေဟာ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှစ်ခုမှာ အဓိက ရင်ဆိုင်ကျော် ဖြတ်ကြရမယ့်အနေအထား ရှိလာပါတယ်။ ယခုလက်ရှိအာဏာရပါတီ NLD အနေနဲ့ ယခင် ၂၀၁၅ ခုနှစ်တုန်းက ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၂ ခုမှာ အားလုံးအနိုင်ရရှိခဲ့ပြီး ရခိုင်နဲ့ရှမ်းတော့ ဒုတိယနေရာကပဲ ရရှိခဲ့ ပေမယ့် အခု ၂၀၂၀ မှာတော့ အထက်ကဆိုခဲ့တဲ့ တိုင်းဒေသကြီးနှစ်ခု အပြင် ပြည်နယ်တွေဖြစ်တဲ့ ရခိုင်၊ ရှမ်း၊ မွန်ပြည်နယ် ၃ ခုမှာလည်း ရုန်းကန် ရမယ့်အနေအထားတွေ ဖြစ်လာပါတယ်။ ဒီလိုပြောရတာကလည်း လူထု ထောက်ခံမှုကျဆင်းသွားတာမျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက်မှာ ပါဝင်ယှဉ်ပြိုင်လာကြတဲ့ အခြားပါတီတွေ အင်အားများပြားလာတာရယ်၊ အချို့ပြည်နယ်တွေမှာဆိုရင်လည်း တိုင်းရင်းသား ပါတီတွေ အားကောင်းလာတာရယ်ကို ထည့်သွင်းတွက်ချက် ဆိုလိုရခြင်း ပဲဖြစ်ပါတယ်။ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် တိုင်းဒေသကြီးတွေအထဲက ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတို့ကတော့ အများအားဖြင့်တော့ NLD Strong ဖြစ် ကြတဲ့ ဒေသကြီးတွေအဖြစ် မှတ်ယူနိုင်ပေမယ့်လည်း တိုင်းရင်းသားပါတီ တွေအားကောင်းလာတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းတွေမှာလည်း အနိုင် ရတာ အားနည်းသွားနိုင်တာကိုလည်း သတိချပ်ရပါဦးမယ်။
11-Aug-2020
၂၀၂၀ ရွေးကောက်ပွဲသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အချိန်နှစ်လကျော်ခန့်မျှ ကြာမြင့်ဦးမည်ဖြစ်၏။ သို့သော် ရွေးကောက်ပွဲဝင်ရောက်ကြမည့် ပါတီများနှင့် တစ်သီးပုဂ္ဂလများမှာ ကြိုတင်ပြင်ဆင်မှုများစွာဖြင့် အလုပ်ရှုပ်နေခဲ့ကြပြီ ဖြစ် သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်မှစတင်ကာ ၂၀၁၅ အထိ ပြည်လုံးကျွတ်ရွေးကောက်ပွဲကို နှစ်ကြိမ်တိုင်ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ ထိုကျင်းပခဲ့ပြီးသော ပြည်လုံးကျွတ်ရွေးကောက်ပွဲနှစ်ကြိမ်တွင် မြန်မာနိုင်ငံ၏ အင်အားကြီးပါတီများဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ကြိမ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတစ်ကြိမ်စီ အစိုးရဖွဲ့နိုင် လောက်သည်အထိ လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရှိခဲ့ ကြသည်။ သို့သော် ယခုတစ်ကြိမ်ကျင်းပမည့်၂၀၂၀ ရွေးကောက်ပွဲတွင်မူ ယခင်ရွေးကောက်ပွဲများကဲ့သို့ ပါတီတစ်ခုတည်းမှ အစိုးရဖွဲ့နိုင်လောက်သည်အထိ နိုင်ခြေ ရှိ၊ မရှိကို ပြည်သူများအကြား သုံးသပ် ဝေဖန်သံအမျိုးမျိုး ကြားနေရသည်။
11-Aug-2020
မန္တလေးတိုင်းအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့်ကိုယ်စားလှယ်များအနက်မှ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး အမည်စာရင်း ရုပ်သိမ်းခဲ့ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
10-Aug-2020
အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးအနေနှင့်သိသင့်သည့် အချက်အလက်များကို အွန်လိုင်းပေါ်တွင် အလွယ်တကူ ရှာဖွေလေ့လာနိုင်မည့် VoteMM ဝက်ဘ်ဆိုက်၏ ဒုတိယအကြိမ်ဗားရှင်းအသစ် ထပ်မံထွက်ရှိကြောင်း ဖန်တီးရာထံမှသိရသည်။
10-Aug-2020
မန္တလေးတိုင်းအတွင်း မဲစာရင်းလာရောက်ကြည့်ရှုသူ ကိုးသိန်းကျော်ရှိပြီး ပြင်ဆင်၊ ကန့်ကွက်လွှာတောင်းဆိုသူအရေအတွက်မှာ တစ်သိန်းကျော်ရှိကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။
09-Aug-2020
လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ၁၅ ဦးက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် ဝင်ပြိုင်မည်ဖြစ်သည်။
09-Aug-2020
လာမည့်နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မိတ္ထီလာခရိုင် အတွင်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား သော နိုင်ငံရေးပါတီရှစ်ခုမှ ကိုယ်စားလှယ် လောင်းအရေအတွက် ၇၃ ဦးခန့်ရှိ ကြောင်း သက်ဆိုင်ရာ နိုင်ငံရေးပါတီ များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲထံမှ စုံစမ်းသိရှိရသည်။
09-Aug-2020
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်တစ်ခုလုံးရှိ မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိင်မည်ဖြစ်ကြောင်း ယင်းပါတီထုတ်ပြန်ချက်အရ သိရသည်။
09-Aug-2020
လာမည့်ရွေးကောက်ပွဲတွင် မန္တလေး တိုင်းအတွင်း၌ လွှတ်တော်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီတို့ကသာ ကိုယ်စားလှယ်လောင်း လျှောက်လွှာများတင်သွင်ထားကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ထံမှ သိရသည်။
09-Aug-2020
ရိုက်တာသတင်းထောက် ဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရခိုင်အရေးနှင့်ပတ် သက်၍ ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ခင်ဦးမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မှနေ၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
09-Aug-2020
ချောက်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (USDP) ကိုယ်စားပြုကာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကန့်ကွက်ထားသည် ဟု ချောက်မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကျော်က ပြောဆိုသည်။
09-Aug-2020
လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က သပိတ်မှောက်ကြောင်း ယင်းဗကသအဖွဲ့ချုပ်ထံမှ သိရသည်။
09-Aug-2020
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ၎င်းက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
06-Aug-2020
လာမည့် နိုင်ဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းမှမဲပေးမည့်သူ ၄၁ သိန်း (၄,၁၆၀,ဝ၀ဝကျော်)ကျော်ရှိပြီး တပ်မတော်သားများမဲပေးရန် တပ်တွင်းမဲရုံ သီးခြားမထားတော့ဟု မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ပြောဆိုသည်။