News

POST SECTION

2020-ELECTION

18-Aug-2020
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခွင့်ပိတ်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE )ကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပြန်ပေးရန် ကော်မရှင်ဘက်က ဆက်သွယ်လာကြောင်း အဆိုပါ PACE အဖွဲ့ထံမှသိရသည်။
17-Aug-2020
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေး ကြိုးစားအကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် NLD ကိုသာကို ယုံကြည်စွာဖြင့်မဲပေးရန်လိုကြောင်း အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းပြောကြားသည်။
17-Aug-2020
ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၃၅ ဦးယှဉ်ပြိုင်မည်ဟု ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
17-Aug-2020
မန္တလေးတိုင်းအတွင်း ကပ်ထားပေးသည့် မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ကြည့်ရှုသူပေါင်း ၁၅ သိန်းခန့် (၁,၄၃၈,၇၀ဝ ကျော်)ရှိခဲ့ပြီး ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်သူပေါင်း နှစ်သိန်းခွဲခန့်(၂၄၆,၉၇၅ ဦး)ရှိခဲ့ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
17-Aug-2020
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း၌ အငြိမ်းစားစစ်မှုထမ်းဟောင်း ပါဝင်မှုသည် ရာခိုင်နှုန်းအနေနှင့် ၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ၁၅ ဦး ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ (UBP) ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က ပြောကြားသည်။
16-Aug-2020
ယခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုလေ့လာနိုင်ရန် ပြည်တွင်းအဖွဲ့တစ်ဖွဲ့ လာရောက် လျှောက်ထားကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
16-Aug-2020
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူ အားလုံး မဲပေးကြရန်လိုကြောင်း၊ မဲမပေးပါက ရွေးချယ်ခံရသင့်သည့် ကိုယ်စားလှယ်များ မဲမရသည်သာဖြစ်မည်ဖြစ်ပြီး မဲပေးသင့်သူကို ဆန္ဒမဲပေး ကြစေရေး စည်းရုံးကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
14-Aug-2020
ဧရာဝတီတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် ၅၀ ဦး ကျော်တိုးလာကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင်ရုံးထံမှသိရသည်။
14-Aug-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှအပ ကျန်သုံးနေရာတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်သုံးဦး ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်သောကိုယ်စားလှယ်လောင်းအမည်စာရင်း အရသိရသည်။
14-Aug-2020
ဦးသိန်းစိန်အစိုးရလက်ထက်က တာဝန်ယူခဲ့သည့် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းများ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌဟောင်းများသည် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သြဂုတ်လ ၁၂ ရက်နေ့ညက သတင်းထုတ်ပြန်ခဲ့သည်။
14-Aug-2020
“ဧရာဝတီတိုင်းမှာလည်း ရခိုင်လူမျိုးတွေရှိတယ်။ သူတို့အကျိုးစီးပွားအတွက် လုပ်မယ့်လူရှိရင် ကျွန်တော်တို့က ကြိုဆိုတယ်။ အဲ့ဒါ ကြောင့် ရန်ကုန်တိုင်းမှာ ဦးမြင့်ကျော်ပြိုင်၊ ဦးဇော်အေးမောင်က ဧရာဝတီတိုင်း ပြိုင်ဆိုပြီး ခွင့်ပြုလိုက်တာ၊ တခြားဘာအကြောင်းမှ မရှိဘူး”
13-Aug-2020
မြန်မာ့နိုင်ငံ၏ သယံဇာတအရေး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဦးမော်ထွန်းအောင်သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ လာမည့်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်မှပါဝင်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားကြောင်း သဘာဝသယံဇာတစီမံခန့်ခွဲမှု အကြံပေးအဖွဲ့ (NRGI -Natural Resource Govenance Institute) ထံမှ သိရသည်။
13-Aug-2020
နိုင်ငံတကာအထောက်အပံ့များ ရရှိထားသည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်တွင်းအရပ်ဘက်စောင့်ကြည်လေ့လာရေးအဖွဲ့ဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကို ၂၀၂၀ ရွေကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ပိတ်ပင်ခဲ့ကြောင်း အဆိုပါ PACE အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
13-Aug-2020
“ကျောင်းသင်ခန်းစာ ပြဋ္ဌာန်းစာအုပ်မှာ ဖော်ပြထားတဲ့ ကချင်လူမျိုးများအုပ်စုရဲ့ အမည်နာမတွေ တော်တော်များများ လွဲမှားနေတယ်”
11-Aug-2020
ရွေးကောက်ပွဲ ရှိခြင်း၊ မရှိခြင်းထက် သူတို့ရဲ့ ဘဝကိုလာနှောင့်ယှက်မယ့်သူ မရှိဖို့က ပိုအရေးကြီးတယ်လို့ ပြည်နယ်အစိုးရ ရုံးစိုက်ရာ တောင်ကြီးကနေ နာရီဝက်လောက် ခရီးအကွာအဝေးမှာရှိတဲ့ ဟိုပုံးမြို့နယ်ထဲက အေးချမ်းလှပတဲ့ ကုန်းမြင့်ဒေသမှာနေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် သီးနှံစိုက်တောင်သူ မွိုးမွေးက ဆိုပါတယ်။