News

POST SECTION

2020-ELECTION

14-Jul-2020
ဧရာ၀တီတိုင်း ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး ပါတီတာဝန်မှရပ်နားခံရကြောင်း ယင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ထံမှသိရသည်။
12-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် မိမိဒေသကို အမှန်တကယ် လုပ်ပေးနိုင်သူများကိုသာ မဲပေးစေလို ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်၊ လူငယ်တာဝန်ခံ မိစန္ဒီနွန်က ပြောကြားသည်။
11-Jul-2020
ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးသည် တိုက်ရိုက်အချိုးကျသည်ဟု ပြောဆို၍ရကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ(၁) ဦးစောမြတ်ထွဋ်ဝင်းက The Voice Daily သို့ ပြောကြားသည်။
10-Jul-2020
ပဲခူးတိုင်းသာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ လယ်သမားအရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် ကိုသန့်ဇင်ထက်ဆိုသူသည် လာမည့် ၂၀၂၀ အ‌ထွေ‌ထွေ‌ရွေးကောက်ပွဲတွင် နတ်တလင်းပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
10-Jul-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူလူထု လက်ခံယုံကြည်သူများကို ရွေးချယ်ထားကြောင်း မွန်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဝင်းမော်ဦးက The Voice Daily သို့ ပြောကြားသည်။
10-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အမျိုးသမီးကိုယ်စားလှယ်လောင်းမှာ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်း ကယန်းအမျိုးသားပါတီထံမှ သိရသည်။
09-Jul-2020
သက်တမ်းတစ်နှစ်ပြည့်တော့မည်ဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနှင့်ဆိုရှယ်မီဒီယာမှတစ်ဆင့် ပါတီပုံရိပ်ကို မြှင့်တင်နေသည်ဟု ယင်းပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၉ ရက်နေ့တွင် ပြောကြားသည်။
09-Jul-2020
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် မဲစာရင်းထုတ်ပြန်ကြေညာသည့်အချိန်တွင် မဲဆန္ဒရှင်ပြည်သူများအနေနှင့် မိမိအမည်ပါ၊ မပါလာရောက်စစ်ဆေးကြည့်ရှုရန် တိုက်တွန်းကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က တိုက်တွန်းပြောကြားသည်။
08-Jul-2020
၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းတူပါက လူငယ်နှင့်အမျိုးသမီးများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီထံမှ သိရသည်။
07-Jul-2020
မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲစတင်ပေးရမည့် လူငယ်တစ်သိန်းခွဲကျော် တိုးလာကြောင်း ယင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
07-Jul-2020
ကယားပြည်နယ်တွင် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ သတ်မှတ်ပေးရန် ကယန်းအဖွဲ့စည်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တောင်းဆိုထားကြောင်း ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။
07-Jul-2020
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပါတီဝင်အင်အား ၁၀၀၀ (တစ်ထောင်) ပြည့်ရန် စည်းရုံးနိုင်ခြင်းမရှိသဖြင့် ၈၈ မျိုးဆက်ညီနောင်များပါတီ (THE 88 Generation Brotherhood Party) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
06-Jul-2020
လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး လွတ်လပ်စွာ မဲပေးနိုင်ခွင့်ရှိမရှိကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇူလိုင်လ ၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
05-Jul-2020
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အနေနှင့် နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) ကို နေပြည်တော်တွင် ဖွင့်လှစ်ပွဲကို ဇူလိုင်လ ၅ ရက်နေ့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်များအနေနှင့် ပါတီလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။
03-Jul-2020
ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများသည့် မဲဆွယ်ရမည့် ပလက်ဖောင်းတစ်ခုဖြစ်လာမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဗဟိုပြန်ကြားရေး ကော်မတီဝင် မုံရွာအောင်ရှင်ကပြောဆိုသည်။