News

POST SECTION

2020-ELECTION

03-Nov-2020
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အမှားများ၊ ချို့ယွင်းချက်များနှင့် ပတ်သက်၍ တိတိကျကျပြောပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
03-Nov-2020
ယခုလာမည့် အထွေထွေရွေးကောက်ပွဲတွင် မကျင်းပနိုင်သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်ကို လုံခြုံစွာကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
03-Nov-2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားခြင်းမဟုတ်သည့် တံဆိပ်တုံးဖြင့် ကြိုတင်မဲကောက်ယူခိုင်းသူ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးကို နိုဝင်ဘာလ ၃ ရက်(ယနေ့)က အမှုဖွင့်အရေးယူခဲ့သည်။
02-Nov-2020
ပြည်သူ့ရှေ့ဆောင်ပါတီကထုတ်ပြန်ခဲ့သော မဲရုံကိစ္စနှင့်သက်ဆိုင်သည့် ကြေညာချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ၏ သတ်မှတ်ချက် အတိုင်းသာဆောင်ရွက်မည်ဟု မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တုံ့ပြန်ပြောဆိုသည်။
02-Nov-2020
မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နှင့် သထုံမြို့နယ်တို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ လက်ရှိအချိန်အထိ ကြိုတင်ဆန္ဒမဲပေးသည့် ကိစ္စနှင့်ပတ်သက်၍ ပြဿနာသုံးကြိမ် ဖြစ်ပွားခဲ့သည်ဟု သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောကြားသည်။
02-Nov-2020
မုံရွာမြို့ ဗန္ဓလရပ်ကွက်တွင် လေးရက်အတွင်း ကြိုတင်မဲပေးသည့် မဲဆန္ဒရှင်လေးရာကျော်ရှိကြောင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
02-Nov-2020
ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို အချိန်ပို (OT) မခေါ်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က နိုဝင်ဘာ ၂ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်လိုက်သည်။
02-Nov-2020
တအာင်း-ပလောင်အမျိုးသားပါတီ (TNP) ၏စည်းကမ်းများကို မလိုက်နာဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည့် ပါတီဥက္ကဋ္ဌဟောင်းနှင့် ပါတီဝင်တစ်ဦးကို ပါတီမှထုတ်ပယ်ခဲ့သည်ဟု လက်ရှိ TNP ပါတီဥက္ကဋ္ဌ ဦးအိုက်မုန်းက ပြောဆိုသည်။
01-Nov-2020
မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် ရေနံမတိုက်နယ်တွင် ဆန္ဒမဲစာအုပ် မှားယွင်းပေးမှုကြောင့် ကြိုတင်မဲပေးသူ ၁၅၃ ဦးစလုံး ဆန္ဒမဲပြန်ပေးရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာရဲထွန်းဇော်က ပြောကြားသည်။
01-Nov-2020
မဲဆွယ်စည်းရုံးရေးကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆိုင်းဘုတ်အရေအတွက် အများဆုံး စိုက်ထူထားကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
01-Nov-2020
တောင်ငူမြို့နယ်အတွင်း နိုဝင်ဘာ ၁ ရက်နေ့နံနက်က NLD ပါတီဝန်းရံသူများ ဦးဆောင်ပြုလုပ်သည့် ကားစတစ်ကာကမ်ပိန်းကို ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ရဲတပ်ဖွဲ့ကတားမြစ်ကာ လူစုခွဲစေခဲ့သည်ဟု ဦးဆောင်သူများက ပြောဆိုသည်။
01-Nov-2020
ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ငါးဦးကို ပြည်ထောင်စုနေ့စဉ်သတင်းစာ၏ သတင်းထောက်များအနေနှင့် မကွေးတိုင်းအထွေထွေရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနေ့အတွက် ထုတ်ပေးထားသော မီဒီယာသက်သေခံကတ်ပြားများကို ပြန်လည်ရုပ်သိမ်းပေးရန် နိုဝင်ဘာ ၁ ရက်နေ့တွင် တင်ပြတောင်းဆိုလိုက်သည်ဟု ချောက်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
01-Nov-2020
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ချောင်းဖျားကျေးရွာအုပ်စု မဲရုံအမှတ် ၁ တွင် ဆန္ဒမဲလက်မှတ်ထုတ်ပေးမှုများမှားယွင်းခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလောင်းများထံမှ သိရသည်။
01-Nov-2020
ရခိုင်ပြည်နယ်တွင် မြို့နယ် (၉) မြို့နယ်အပါအဝင် မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့အား ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်သည် ရခိုင်အမျိုးသားပါတီ (ANP)ပါတီအား ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းရာရောက်ကြောင်း နိုဝင်ဘာလ (၁)ရက် နေ့စွဲဖြင့် ANP ပါတီက သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။