News

POST SECTION

2020-ELECTION

04-Aug-2020
၂၀၂၀ရွေးကောက်ပွဲတွင် အလုပ်သမားများမဲပေးရာတွင် အမှားအယွင်းမရှိစေရန် အလုပ်သမားသမဂ္ဂများပူးပေါင်း ဆောင်ရွက်ရေးကော်မတီမှ စက်မှုဇုန်အလုပ်သမားများအတွက်ရွေးကောက်ပွဲဆိုင်ရာအသိပညာပြန့်ပွားရေး သင်တန်းများပေးနေကြောင်း ယင်းကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းကပြောကြားသည်။
04-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)အနေနှင့် တိုင်း ၇ ခုနှင့်ပြည်နယ် ၂ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က The Voice Daily သို့ ပြောကြားသည်။
04-Aug-2020
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဦးဆောင်မှုဖြင့် ခရိုင်လေးခုရှိ ဝန်ထမ်းများအတွက် အင်တာနက်နှင့်အီးမေးလ် အသုံးပြုနည်းသင်တန်းကို မိတ္တီလာမြို့ပန်းထိမ်တန်းရပ်ကွက် တံတားဦးလမ်းရှိ MCC သင်တန်းခန်းမတွင် သြဂုတ် ၃ ရက်ကစ၍ သုံးရက်ကြာသင်ပေးမည်ဖြစ်ကြောင်း Myanmar Computer Company (MCC) မိတ္ထီလာမှ သင်တန်းတာဝန်ခံ ဒေါ်ခိုင်ချိုဟန်က ပြောကြားသည်။
03-Aug-2020
လာမည့်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ထုတ်ပြန်ကြေညာပေးထားပြီးဖြစ်ရာ သြဂုတ် ၂ ရက်နေ့ထိ လာရောက်ကြည့်ရှုသူ အရေအတွက် ငါးသိန်းကျော်သာရှိသေကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
03-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) အနေနှင့် ရခိုင်တစ်ပြည်နယ်လုံးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထုတ်ပြန်ချက်အရ သိရသည်။
03-Aug-2020
တရားလွှတ်တော်ကောင်စီဝင် ရွေးကောက်ပွဲကို ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးခရိုင် ဥပဒေရုံးတွင် သြဂုတ်လ ၂ ရက်က ကျင်းပခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ တရားလွှတ်တော်ရှေ့နေ ၈၂ ဦးက လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ခဲ့သည်။
03-Aug-2020
ပဲခူးတိုင်း တောင်ငူမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ဇူလိုင်၂၅ ရက်နေ့ကစတင်ကပ်ထား ပေးသည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ စာရင်းတွင် အိမ်ထောင်စုတစ်ခုလုံးပါဝင် မလာခြင်းများ များစွာရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။
03-Aug-2020
လာမည့်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ထုတ်ပြန်ကြေညာပေးထားပြီးဖြစ်ရာ ယင်းစာရင်းတွင် အမည်မပါသဖြင့် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ တစ်သောင်းကျော် ရှိနေကြောင်း မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
03-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက် ပွဲ၌ ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
03-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သည့်စာရင်းကို လာရောက်ကြည့်ရှုသူများအနေနှင့် Covid-19 ကပ်ရောဂါကာကွယ်သည့် နည်းလမ်းများကိုလိုက်နာကြရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
03-Aug-2020
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံရန် သြဂုတ်လ ၂ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ကိုယ်တိုင်လာရောက်လျှောက်ထားခဲ့ကြောင်း ယင်းကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
02-Aug-2020
မွန်ညီညွတ်ရေးပါတီအနေနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာ ၂၈ နေရာနှင့် ပြည်နယ်လွှတ်တော် ၃၄ နေရာ စုစုပေါင်းအမတ်နေရာ ၆၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
02-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများအနက် ၁၂ ဦးကို အပြောင်းအလဲ ပြုလုပ်ထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က The Voice Daily သို့ အတည်ပြုပြောကြားသည်။
01-Aug-2020
ပြည်သူ့ဒီမိုကရေစီပါတီ(People Democracy Party) ကို ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
01-Aug-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ မဲပေးနိုင်ရန် မဲရုံပေါင်း ၆၃၂ ရုံသတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။