News

POST SECTION

2020-ELECTION

26-Nov-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် တရားမဲ့ပြုကျင့်မှုများနှင့် ပတ်သက်၍ တိုင်ကြားပြောဆိုရာတွင် မည်သူ့ကို အားကိုးရမှန်းမသိ ဖြစ်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
26-Nov-2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့တွင် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)၏ ဆောင်ရွက်ချက်များကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
26-Nov-2020
ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မဲဆန္ဒရှင်အချင်းချင်း ထိပ်တိုက်တွေ့ရန်ပွဲဖြစ်ရခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီကပြောကြားသည်။
25-Nov-2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမိုများပြားကြောင်း ရှေ့ပြေးအသံအဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
25-Nov-2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးရန် နိုဝင်ဘာလ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်း ယင်းပါတီများထံမှ သိရသည်။
24-Nov-2020
ဗမာပြည်သူ့ပါတီဥက္ကဋ္ဌ ဦးအောင်သန်းတင့်သည် နိုဝင်ဘာလ ၂၄ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အသဲအထူးကုဆေးရုံ၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း မိသားစုဝင်ထံမှ သိရသည်။
23-Nov-2020
၂၀၂၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် အငြင်းပွားမှုများ ဆုံးဖြတ်သုံးသပ်ပေးသည်အထိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကပြောကြားသည်။
22-Nov-2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတထံသို့ တောင်ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်းက ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို နိုဝင်ဘာလ ၂၁ ရက်နေ့က ပေးပို့ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
22-Nov-2020
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နေရာတွင် အနိုင်ရရှိခဲ့ပြီး သေနတ်ပစ်သတ်လုပ်ကြံခံရမှုကြောင့် လစ်လပ်သွားသည့် မဲဆန္ဒနယ် နေရာနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်ရိုက်ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ပြောကြားသည်။
22-Nov-2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က နိုဝင်ဘာလ ၂၂ ရက်နေ့စွဲဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
22-Nov-2020
လက်ရှိ ရွေးကောက်ပွဲမှာလည်း အနိုင်မရလို့ လွှတ်တော်ထဲ မဝင်ရောက်နိုင်ခဲ့သော်လည်း လွှတ်တော်ပြင်ပကနေ သူမနေထိုင်တဲ့ ဒေသခံ ပြည်သူများအတွက် အထူးသဖြင့် အမျိုးသမီးများအတွက် တတ်နိုင်သမျှ မည်သို့ကြိုးစားဆောင်ရွက်သွားမည်ဆိုသည်ကို ဒေါ်စုရည်ဖြိုးအောင်၏ ရွေးကောက်ပွဲအပြီး သူ၏ နိုင်ငံရေးလှုပ်ရှားမှုအကြောင်း မေးမြန်းထားသည်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
21-Nov-2020
မန္တလေးတိုင်း ဝမ်းတွင်းမြို့ အမှတ် ၂ မေခလာရပ်ကွက် ဟစ်တိုင်ကွင်းအတွင်း၌ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဒေသခံ ၂၃ ဦးခန့်သည် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
21-Nov-2020
"ကျွန်တော့မဲဆန္ဒနယ်က ကိစ္စတော်တော်များများဟာ ပြည်ထောင်စုလုပ်ပိုင်ခွင့်တွေဖြစ်နေတော့ ပြည်ထောင်စုအဆင့်ကို ဆက်သွယ်တဲ့နေရာမှာ တော်တော်လေးခက်ခဲပါတယ်"
19-Nov-2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အဂါတ်လက်ပန်ကျေးရွာအုပ်စုမှ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးကို ကိုယ်စားမဲထည့်ခွင့်ပေးသည်ဟုဆိုကာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။