News

POST TYPE

2020 ELECTION

တောင်ငူခရိုင်အတွင်း ရွေးကောက်ပွဲဆိုင်ရာ အထူးရဲ ၉၀ဝ နီးပါးထားမည်
19-Aug-2020


တောင်ငူ ၊ သြဂုတ် ၁၉

တောင်ငူခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲတပ်ဖွဲ့ဝင် ၉၀ဝ ကျော် ခန့်ထားပေးမည်ဟု တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ပြီးခဲ့တဲ့တပတ်ကပဲ တိုင်းရဲတပ်ဖွဲ့မှူးရုံးကို စာရင်းပေးလိုက်ပါပြီ။သင်တန်းတွေဘာတွေပေးပြီးရင် တာဝန်စထမ်းဆောင်ရမယ်”ဟု ခရိုင်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါအထူးရဲတပ်ဖွဲ့ဝင်များကို ဇူလိုင်လပထမပတ်ခန့်ကစ၍ လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်ကာ အသက် ၁၈ မှ ၄၀ ကျော်အရွယ်အထိ အမျိုးသား စုစုပေါင်း ၉၀ဝ ကျော်လာရောက်လျှာက်ထားခဲ့သည်ဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့ထံမှသိရသည်။

ပဲခူးတိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ဝ၀ နီးပါးသာရှိပြီး ရုံးပိုင်းဆိုင်ရာ တပ်ဖွဲ့ဝင်အင်အားကို ပြန်လည်ထုတ်နုတ်ပါက လာမည့်ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် ၄၀ဝ၀ နီးပါးလိုအပ်မည်ဟု ပဲခူးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်းအတွင်း ရွေးကောက်ပွဲလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရန် ရဲအက်ဥပဒေ ပုဒ်မ၂၇ /၃၀ နှင့် အညီ အထူးရဲတပ်ဖွဲ့ဝင်များ ထပ်မံခန့်အပ်မည်ဖြစ်ပြီး မဲရုံတစ်ရုံလျှင် အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးခန့် နေရာချထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှလည်းသိရသည်။

R-02