News

POST TYPE

2020 ELECTION

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအောင်မြင်ရေး NLD ကိုသာမဲပေးရန် ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း
17-Aug-2020
မန္တလေး သြဂုတ် ၁၇

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေး ကြိုးစားအကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် NLD ကိုသာကို ယုံကြည်စွာဖြင့်မဲပေးရန်လိုကြောင်း အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းပြောကြားသည်။

သြဂုတ်လ ၁၆ ရက်နေ့ညပိုင်းက လူမှုကွန်ရက်စာမျက်နှာ၌ပြုလုပ်ခဲ့သော NLDခရီးရှည်ခေါင်းစဉ်ဖြင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးခန်းတွင် ဒေါက်တာဇော်မြင့်မောင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ဟာ တိုင်းပြည်ရဲ့ အလှည့်အပြောင်းတင်မကဘူး။ ဒီမိုကရေစီအတွက် ခိုင်မြဲအောင်လုပ်နိုင်တာဖြစ်တယ်။ ပြည်သူလူထုက မဲရုံကိုသွားပြီး မဲပေးရမယ်။ပေးပြီးတော့ ဒီမိုကရေစီခိုင်မာဖို့ဆိုရင် NLD ကို မဲပေးမှရမယ်။အဲဒီလိုဆိုရင် ကျွန်တော်တို့မျှော်လင့်နေတဲ့ညီမျှခြင်း။ တိုင်းရင်းသားတွေပါတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ပဲ။ ကျွန်တော်တို့လည်းကတိပေးထားတာ။ အဲဒါကိုလည်း အကောင်အထည်ဖော်နေပါတယ်။ ၅နှစ်တည်းနဲ့ ကျွန်တော်တို့ ဘာမှလုပ်လို့မရပါဘူး။ဆက်ပြီးအောင်မြင်ဖို့ လုပ်ကိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့မဲပေးပါ။ တတ်နိုင်သမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားမယ်ဆိုတဲ့အကြောင်း သတင်းစကားပါးချင်ပါတယ်”ဟု ၎င်းကပြောဆိုသည်။

ပြည်သူလူထုအနေဖြင့် အမျိုးသားဒီမိုကရစီအဖွဲ့ချုပNLD်ပါတီကို ဆက်လက်ထောက်ခံကြမည်ဟု မျှော်လင့်ကြောင်း NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တကယ်အရေးကြီးရင်တော့ ပြည်သူတွေသွေးစည်းကြမယ်လို့ယုံကြည်ပါတယ်။ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ တုန်းကလည်း အရေးကြီးတဲ့အခါမှာ ပြည်သူတွေက တက်တကြွ်ကြွကနဲ့ ဆင်ခြင်တုံတရားနဲ့ကို သွေးစည်းခဲ့ကြတယ်ဆိုတာ ကျွန်မတို့ တွေ့ရတယ်။မျက်စိစုံမှိတ်ပြီး သွေးစည်းခဲ့တာ မဟုတ်ပါဘူး။ ဆင်ခြင်တုံတရားအရ သေချာချင့်ချိန်ပြီးတော့ ဘာလုပ်သင့်တယ်၊ဘာလုပ်ရမယ်ဆိုပြီးတော့ စိတ်ဓာတ်ကိုသေချာမွေးပြီး ထောက်ခံခဲ့တာဖြစ်တယ်ဟု ၎င်းက ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုမည်ဖြစ်ရာ ယခုအခါ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သွင်းထားသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်လျှက်ရှိသည်။

S-02