News

POST TYPE

2020 ELECTION

ကရင်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၃၅ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
17-Aug-2020
ဘားအံ၊ သြဂုတ် ၁၆ 

ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၃၅ ဦးယှဉ်ပြိုင်မည်ဟု ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ယင်းတို့အနက် တသီးပုဂ္ဂလယှဉ်ပြိုင် သူ ၂၀ ဦးရှိပြီး ပါတီကြီးများနှင့်တိုင်းရင်း သားပါတီ ၁၅ ခုမှ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်မည်ဖြစ်သည်။

"တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂၀ တောင်ရှိတယ်ဆိုတော့ နည်းနည်းများတယ်လို့ထင်တယ်။ မန္တလေးမှာတောင် ၁၆ ဦးပဲ ရှိတယ်"ဟု ဘားအံမြို့မှ နိုင်ငံရေးစိတ်ဝင်စားသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ 

ကရင်ပြည်နယ်တစ်ခုလုံးတွင် မဲဆန္ဒနယ် ၃၆ နေရာရှိပြီး၊ ယင်းနေရာများအတွက် ကိုယ်စားလှယ်လောင်း ၂၃၅  ဦး ယှည်ပြိုင်ကြမည်ဖြစ်သည်။ 

ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းလျှောက်ထားသူများမှာ ပြည်သူ့လွှတ်တော်အတွက် ၄၁ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၃ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၉၄ ဦး၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အတွက် ၂၇ ဦးတို့ ဖြစ်သည်ဟု ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ 

စောကျော်ဌေး