News

POST TYPE

2020 ELECTION

မိမိဒေသအတွက် အမှန်တကယ်လုပ်ပေးမည့်သူကို မဲပေးစေလိုဟု တိုက်တွန်း
12-Jul-2020

ရန်ကုန်၊ ဇူလိုင် ၁၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် မိမိဒေသကို အမှန်တကယ် လုပ်ပေးနိုင်သူများကိုသာ မဲပေးစေလို ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်၊ လူငယ်တာဝန်ခံ မိစန္ဒီနွန်က ပြောကြားသည်။

“အဓိကကတော့ လာမယ့်ရွေး ကောက်ပွဲမှာ မွန်ပြည်သူတွေရော၊ အခြား ပြည်သူတွေပါ တိုက်တွန်းချင်တာက ကိုယ့်ရဲ့ဒေသကို တကယ်လုပ်ပေးနိုင်တဲ့ လွှတ်တော်အမတ်ကို မဲပေးစေချင်တယ်။ တကယ်တမ်းက သူတို့ပဲမဲပေးပိုင်ခွင့်ရှိ တယ်။ ကျွန်မတို့က အတင်းတိုက်တွန်းလို့ မရဘူး။ အခုရွေးကောက်ပွဲမှာတော့ ရွေး ချယ်မှုမမှားစေချင်ဘူး။ ကိုယ့်ရဲ့ပြည်နယ်အတွက်၊ ကိုယ့်ရဲ့မြို့နယ်အတွက် အကျိုး ပြုနိုင်တဲ့အမတ်ကို ရွေးပါလို့တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက The Voice Daily နှင့်တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူငယ်ရေးရာတာဝန်ခံ မိစန္ဒီနွန် သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ကျိုက်မရောမြို့နယ်၊ အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရန် အမည်စာရင်းတင်သွင်းထားပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်မှုမရရှိခဲ့ သော်လည်း ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်စဉ်က ကတိပေးထားသည့် အတိုင်း ဒေသ၏လိုအပ်ချက်များကို လွှတ်တော်ပြင်ပမှ ဒေသခံပြည်သူများ နှင့်ပူးပေါင်းကာ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

“ကျွန်မဝင်ပြိုင်မယ့် ကျိုက်မရော ရဲ့ အဓိကစိန်ခေါ်မှုတစ်ခုကတော့ အတ္ထရံ မြစ်ဘေးမှာတည်ဆောက်ထားတဲ့ ကျောက် မီးသွေးနဲ့လည်ပတ်တဲ့ ဘိလပ်မြေစက်ရုံ က ပြည်သူတွေအတွက် အန္တရာယ်ကြီးတဲ့ စက်ရုံပေါ့။ ဒီရေကို သောက်သုံးနေတဲ့သူ တွေအားလုံး ဒုက္ခရောက်ကြမှာ။ အရမ်း အန္တရာယ်ကြီးတယ်။ တစ်နေ့ကျရင် ဒီဟာကို ကျောက်မီးသွေးအစား တခြား ဟာအစားထိုးသုံးလာအောင် တွန်းအားပေးရမယ်” ဟု မိစန္ဒီနွန်ကဆိုသည်။

မွန်ပြည်နယ်တွင် ဆန္ဒမဲပေးမည့်သူ တစ်ဆယ့်ခုနှစ်သိန်း သုံးသောင်းခုနစ်ထောင် ကျော်ရှိပြီး ယင်းမဲစာရင်းတွင် တပ် မတော်သားများ၊ ၎င်းတို့၏ အတူနေမိသားစုဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ခန့်ထားနိုင်ခြင်းမရှိသည့် နေရာများ ပါဝင်ခြင်းမရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S-08