News

POST TYPE

2020 ELECTION

သျှမ်းနီလူငယ်ကွန်ရက် အသင်းအဖွဲ့မှတ်ပုံတင်မည်
15-Mar-2020
ရန်ကုန် ၊ မတ် ၁၂

စစ်ကိုင်တိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ဖွဲ့စည်းထားသော သျှမ်းနီလူငယ်ကွန်ရက် အသင်းအဖွဲ့မှတ်ပုံတင်ဖြစ်ကြောင်း ယင်းကွန်ရက်ဦးဆောင်သူ အရှင်ဓမ္မာလောက(အလင်းရှင် ဗန်းမောက်)က မိန့်ကြားသည်။

အဆိုပါကွန်ရက်ကို ၂၀၁၉ ခုနှစ်တွင် လူငယ် ၁၅ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဗန်းမောက်သျှမ်းနီးလူငယ်များ အရွှေ့တစ်ခုကို ချီတက်ရန်အတွက် မတ်လ ၁၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံ တရားဝင်အသင်းအဖွဲ့လျှောက်ထားရန် သွားရောက်ပြောထားပြီးဖြစ်သည်။

“စနစ်တကျနဲ့ ပြန်ဖွဲ့စည်းပြီး မှတ်ပုံတင်လို့ပါ။လောလောဆယ်သင်တန်းတွေ ၊ ဟောပြောပွဲတွေ ကွန်ရက်ကလုပ်နေပါတယ်” အရှင်ဓမ္မာလောက(အလင်းရှင်ဗန်းမောက်)က မိန့်သည်။

ယင်းကွန်ရက်၏ ရည်ရွယ်ချက်မှာ ဗန်းမောက်မြို့နယ်ရှိ သျှမ်းနီလူငယ်အားလုံး၏အသံကို ကိုယ်စားပြုရန် ၊ စွမ်းရည်မြင့်မားပြည့်ဝသော သျှမ်းနီလူငယ်များပေါ်ထွန်းလာစေရန်နှင့်ဗန်းမောက်မြို့နယ် တစ်ခုလုံးရှိ သျှမ်းနီလူငယ်များသည် အခြားအတူနေ တိုင်းရင်းသားများနှင့် အတူတကွပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်သည်။

ဗန်းမောက်မြို့တွင် သျှမ်းနီလူငယ်ကွန်ရက်က စက်ချုပ်သင်တန်း ၊ ကွန်ပြူတာ အပါအဝင် ဖက်ဒရယ်နှင့်ပတ်သက်သည့် ဟောပြောပွဲများကို ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ၂၀ဝ၈ ဖွဲ့စည်းပုံ နှင့် ဖက်ဒရယ်ပြည်ထောင်စုအကြောင်း ဟောပြောပွဲ ပြုလုပ်သည့်အခါ အုပ်ချုပ်ရေးအဖွဲ့က လာရောက်တားမြစ်ခဲ့သည်။

လတ်တလောတွင် သျှမ်းနီလူငယ်ကွန်ရက်က ဗန်းမောက်မြို့ ဇလုံတောင်နောက်ခံအကြောင်းများ အခြေပြု၍ “ရောင်နီဦးရဲ့ အလင်းရှင်” အမည်ဖြင့် သျှမ်းနီဗီဒီယိုဇာတ်ကားတစ်ကားရိုက်ကူးထားပြီး ငွေကြေးအခက်အခဲများကြောင့် ဖြန့်ချိနိုင်ခြင်း မရှိသေးပေ။

MHS