News

POST SECTION

2020-ELECTION

31-Oct-2020
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် မန်မော်ကျေးရွာရှိ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှူးကို အောက်တိုဘာ ၂၉ ရက်က ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်ဟု ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမျိုးက ပြောကြားသည်။
31-Oct-2020
မွန်ပြည်နယ် သထုံမြို့နယ် ကြက်တူရွေးသောင်ကျေးရွာအုပ်စု ဝါးခုတ်တောမဲရုံတွင် အောက်တိုဘာ ၂၉ ရက်နေ့က အသက် ၆၀ နှစ်အထက် ကြိုတင်ဆန္ဒမဲပေးသူများက မဲလက်မှတ်များကို စာအိတ်မပါဘဲ မဲပုံးအတွင်း ထည့်သွင်းခဲ့သည့်ကိစ္စ ပယ်မဲဟုမသတ်မှတ်ကြောင်း သထုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဒေါ်ခင်သန်းနွဲ့က ပြောကြားသည်။
31-Oct-2020
ချောက်မြို့နယ်မှ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးသည် အောက်တိုဘာလ ၃၁ ရက်နေ့က မြို့ပေါ်ရှိကြိုတင်မဲရုံများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
31-Oct-2020
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ၎င်း၏ ဇနီးတို့သည် အမရပူရမြို့နယ် အိုးတော်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ မဲရုံတွင် အောက်တိုဘာလ ၃၀ ရက်နေ့က ကြိုတင်မဲပေးခဲ့ကြသည်။
31-Oct-2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကော်မရှင်၏ ကြိုတင်မဲ လိုက်လံကောက်သည့် ဆောင်ရွက်ချက်များသည် စနစ်တကျမရှိဘဲ ဝရုန်းသုန်းကားဖြစ်နေကြောင်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က The Voice Daily သို့ ပြောကြားသည်။
31-Oct-2020
ကျင်းပန်ရန် ၆ရက်သာ လိုတော့သည်။ မဲပေးခွင့်ရှိသူ မသန်စွမ်းသူဦးရေ တစ်နိုင်ငံလုံးတွင် ရှစ်သောင်းကျော်ရှိသည်။ ရွေးကောက်ပွဲ သတင်းစကားရရှိမှု၊ ကပ်ရောဂါကြားမှမဲပေးရမည့် ၎င်းတို့၏စိုးရိမ်မှုနှင့် အစိုးရသစ်အပေါ် မျှော်လင့်ချက်များကို စာဖတ်သူများအတွက် စုစည်းဖော်ပြလိုက်ပါသည်။
31-Oct-2020
"မြို့နယ်တစ်ခုလုံးနီးပါး သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံနေရတာပါ"
29-Oct-2020
ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းမှ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များထံမှ ကြိုတင်မဲရယူခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့ကစတင်၍ အိမ်တိုင်ယာရောက် ကောက်ယူနေပြီဖြစ်ကြောင်း ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
29-Oct-2020
လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မန္တလေးမြို့တော်အတွင်းမှ အသက် ၆၀ နှစ်အထက်ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကြိုတင်မဲပေးခဲ့ကြသည်။
29-Oct-2020
အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကွာရန်တင်းစင်တာများတွင် ဆေးကုသခံယူနေသူ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးခွင့် မဆုံးရှုံးစေရန် အောက်တိုဘာလ ၂၉ ရက်မှစ၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
29-Oct-2020
အစိုးရကို မေးချင်တဲ့ မေးခွန်းတွေနဲ့ အတူ ရွေးကောက်ပွဲအပေါ် လူငယ်တွေရဲ့ မျှော်လင့်ချက် ဘယ်လို ရှိနေကြပါသလဲ။ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးတိုးတက်မှုကို လူငယ်တွေ ဘာကြောင့် လိုချင်နေကြတာ ပါလဲ။ လူငယ်တွေရဲ့ အတွေးတွေ၊ လိုလားချက်တွေကို စာဖတ်သူဆီ အရောက်ပို့ပေးဖို့က ကျွန်တော်တို့ ဝိုင်းတော် သားတွေရဲ့ တာဝန်ပါပဲ။
28-Oct-2020
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် သက်သေခံလက်မှတ်များကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးနေကြောင်း ရပ်ကျေးကော်မရှင်များထံမှ သိရသည်။
28-Oct-2020
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မူဆယ်၊ လားရှိုးနှင့် ကွမ်းလုံမြို့နယ်တို့ရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။
28-Oct-2020
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်သို့ မဲရုံသုံးပစ္စည်းများပို့ဆောင်ပေးခဲ့သည့် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို လက်နတ်ကိုင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသန်းကျော်က ပြောကြားသည်။