News

13-Aug-2017 tagged as H1N1
ရခိုင်ပြည်နယ်တွင် ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ်ပွားသူတစ်ဦး စတင် တွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က The Voice သို့ ပြောကြားသည်။
09-Aug-2017 tagged as H1N1
မန္တလေးတိုင်းအတွင်း ရာသီတုပ်ကွေး H1N1 ပိုးတွေ့လူနာ ငါးဦးအနက် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
09-Aug-2017 tagged as H1N1
ရာသီတုပ်ကွေးရောဂါ (H1N1) သည် ပုံမှန် ရာသီတုပ်ကွေးဟု ဆိုသော်လည်း ရက်သတ္တပတ် နှစ်ပတ်ကျော်အထိ ဖြစ်ပွားမှုမှာ နေ့စဉ် မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များ အရ သိရသည်။
06-Aug-2017 tagged as H1N1 ဖျာပုံ
ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့ဆေးရုံမှ H1N1 ရောဂါ တွေ့ရှိသူ အသက် ၆၂ နှစ်အရွယ် အမျိုးသားမှာ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းကုသစဉ် ဩဂုတ်လ ၆ ရက် နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
03-Aug-2017 tagged as H1N1
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေး Seasonal Influenza A(H1N1) ရောဂါပိုး သံသယဖြင့် စစ်ဆေးမှုများ ပြုလုပ်ထားရသည့် အမျိုးသား လူနာတစ်ဦးတွင် ယင်းရောဂါပိုး တွေ့ရှိခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
01-Aug-2017 tagged as FDA
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံ ၄ ရုံနှင့် သောက်ရေသန့် လုပ်ငန်းတစ်ခုတို့ကို ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ရာ ထုတ်လုပ်မှု စည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် စက်ရုံ ၄ ရုံကို ယာယီ ရပ်ဆိုင်းပြီး ခွင့်ပြုချက် လျောက်ထားခြင်း မရှိဘဲ့ လုပ်ငန်း ဆောင်ရွက်နေသော သောက်ရေသန့်လုပ်ငန်း တစ်ခုကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ကြောင်း
01-Aug-2017 tagged as H1N1
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် H1N1 သံသယရှိရောဂါဖြင့် တက်ရောက်ကုသမှု ခံယူနေသူ သုံးဦးအနက် သံသယရှိ လူနာအမျိုးသမီးတစ်ဦးသည် ဇူလိုင်လ ၃၁ ရက်နေ့ညက သေဆုံးခဲ့ကြောင်း ပဲခူးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းအတွင်း အစိုးရဆေးရုံများတွင် တရားမဝင် သွေးမှောင်ခို ရောင်းချနေသည့်အဖွဲ့များကို ဩဂုတ်လမှစ၍ နေ့စဉ် စောင့်ကြည့် ဖော်ထုတ်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
31-Jul-2017 tagged as H1N1
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါအတွက် အိန္ဒိယနိုင်ငံက H1N1 အတွက် ကာကွယ်ဆေးလုံးရေ တစ်သိန်းလှူမည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
30-Jul-2017 tagged as FDA
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုထားသည့် အမှုပေါင်း ၂၅ မှု ရှိပြီ ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
29-Jul-2017 tagged as H1N1 H5N1
မြန်မာနိုင်ငံတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည့် H1N1 ဗိုင်းရပ်စ်သည် ကပ်ရောဂါ မဟုတ်သည့်အတွက် စာသင်ကျောင်းများ ပိတ်ထားရန် မလိုအပ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က The Voice သို့ ပြောကြားသည်။
27-Jul-2017 tagged as H1N1
မြန်မာနိုင်ငံတွင် H1N1 ပျံ့နှံ့လျက်ရှိသည်မှာ သီတင်းတစ်ပတ်ခန့် ကြာမြင့်လျက်ရှိပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ နှစ်ဦး ထပ်မံ သေဆုံးသည့်အတွက် သေဆုံးသူ စုစုပေါင်း ခြောက်ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
27-Jul-2017 tagged as H1N1
ရာသီတုပ်ကွေး H1N1 ရောဂါလူနာရှင်များကို အရေးပေါ်ကူးစက်ရောဂါများ ကုသရန် ရည်ရွယ်ထားသော ဝေဘာဂီဆေးရုံတွင် ကုသမှုပေးရန် ရွေးချယ်ထားသည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
26-Jul-2017 tagged as H1N1
ရန်ကင်း ကလေးဆေးရုံကြီး၌ ရာသီတုပ်ကွေး (H1N1) ရောဂါ ကလေးလူနာ နှစ်ဦး တွေ့ရှိရပြီး အထူးကြပ်မတ် ကုသဆောင်၌ ကုသမှုပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောကြားသည်။
အမျိုးသမီးများ၏ မျက်စိကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့တွင် မကြာသေးမီက ပြုလုပ်ခဲ့သော မျက်စိ ကျန်းမာရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၏ တွေ့ရှိချက်များအရ အမြင်အာရုံ လုံးဝဆုံးရှုံးမှုနှင့် လျော့နည်း ကျဆင်းသူများ၏ သုံးပုံနှစ်ပုံသည် အမျိုးသမီးများဖြစ်ကြောင်း