News

29-Aug-2017
ရာသီတုပ်ကွေးရောဂါ (H1N1)သည် မြန်မာနိုင်ငံအတွင်း အမြစ်တွယ်နေသည့်အတွက် ယင်းရောဂါဖြစ်ပွားမှု လုံးဝ ပျောက်ကင်းအောင် လုပ်၍မရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
27-Aug-2017
ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့ ခုတင် ၅၀ဝ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြင့် လူနာတစ်ဦး ထပ်မံ သေဆုံးကြောင်း အဆိုပါ ဆေးရုံအုပ် ဒေါက်တာအေးအေးမိုးက အတည်ပြု ပြောကြားသည်။
23-Aug-2017
လတ်တလော ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည့် ရာသီတုပ်ကွေးရောဂါ (H1N1)ကြောင့် ရက်သတ္တ လေးပတ်ကျော်အတွင်း သေဆုံးသူ ၃၃ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
22-Aug-2017
ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များအပြင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။
21-Aug-2017
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြောင်းမြပြည်သူ့ဆေးရုံတွင် ရာသီတုပ်ကွေး (H1N1) သံသယရှိနေကာ သွေးအဆိပ်တက်ရောဂါဖြင့် တက်ရောက် ကုသသော ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ဩဂုတ်လ ၂၁ ရက် နံနက် ၇ နာရီတွင် သေဆုံးခဲ့ကြောင်း
20-Aug-2017
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း သုံးမျိုးကို ထုတ်ပြန်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။
19-Aug-2017
လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်း ၅၁ ကျောင်းတွင် ပုံမှန် ဆန်အစား အားဖြည့်ဆန်ကို အစားထိုး ကျွေးမွေးမည်ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။
18-Aug-2017
ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်မြင့်မားဖို့ဆိုတာ မွေးကင်းစ အရွယ်ကစပြီး စနစ်တကျ ကျွေးမွေးတာကအစ အရေးကြီးပါတယ်။ ကလေးကို မွေးကင်းစကနေ အသက်ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုပဲ တိုက်ကျွေးရပါမယ်။ အသက်ခြောက်လပြည့်တဲ့အခါ မိခင်နို့ရည် တစ်မျိုးတည်းနဲ့ မလုံလောက်တော့တဲ့အတွက် အစားအစာတွေကို စတင်မိတ်ဆက်ပြီး ဖြည့်စွက်စာအနေနဲ့ ကျွေးမွေးရပါမယ်။ ဖြည့်စွက်စာကျွေးတဲ့အခါ အာဟာရ စုံစုံလင်လင် ချက်ပြုတ်ကျွေးတတ်ဖို့ အရေးကြီးတဲ့အတွက် ဖြည့်စွက်စာ ချက်ပြုတ်ပြင်ဆင်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
15-Aug-2017
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အထူးပြုစု စောင့်ရှောက်မှု လိုအပ်နေသော အော်တစ်ဇင် ကလေးများအတွက် ပြုစုစောင့်ရှောက်ရေး စင်တာကို စက်တင်ဘာလမှ ၄ ရက်မှ စတင်ကာ ယာယီဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းဖွင့်လှစ်နိုင်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
15-Aug-2017
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ကျေးရွာများတွင် စပ်ဆေးအန္တရာယ်နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းများကို နှစ်ဆတိုး၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
15-Aug-2017
လတ်တလောဖြစ်ပွားနေသည့် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့်သေဆုံးသူ ၂၅ ဦးရှိလာပြီး ပိုးတွေ့လူနာ နေ့စဉ် တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
13-Aug-2017
ရခိုင်ပြည်နယ်တွင် ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ်ပွားသူတစ်ဦး စတင် တွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က The Voice သို့ ပြောကြားသည်။
09-Aug-2017
မန္တလေးတိုင်းအတွင်း ရာသီတုပ်ကွေး H1N1 ပိုးတွေ့လူနာ ငါးဦးအနက် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
09-Aug-2017
ရာသီတုပ်ကွေးရောဂါ (H1N1) သည် ပုံမှန် ရာသီတုပ်ကွေးဟု ဆိုသော်လည်း ရက်သတ္တပတ် နှစ်ပတ်ကျော်အထိ ဖြစ်ပွားမှုမှာ နေ့စဉ် မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များ အရ သိရသည်။
06-Aug-2017
ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့ဆေးရုံမှ H1N1 ရောဂါ တွေ့ရှိသူ အသက် ၆၂ နှစ်အရွယ် အမျိုးသားမှာ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းကုသစဉ် ဩဂုတ်လ ၆ ရက် နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။