News

30-Sep-2017
Parkway Cancer Centre (PCC) နှင့် Centre for Better Living (CBL) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရင်သားအထူးကု Breast Clinic ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ စမုံလမ်းတွင် စက်တင်ဘာလ ၃၀ ရက်နေ့၌ ဖွင့်လှစ်ခဲ့ကြောင်း CBL Medical Centre မှ Clinical Director ဒေါက်တာ ညီညီနိုင်က ပြောကြားသည်။
27-Sep-2017
ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသခြင်းဖြစ်သော ကျောက်ကပ်နှင့် အသည်း အစားထိုးကုသမှု လူနာပေါင်း ၂၆၀ ခန့်ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ထံမှ သိရသည်။
26-Sep-2017
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါကုပညာဌာနတွင် နှလုံးသွေးကြော ကျဉ်းလူနာများအတွက် အရေးပေါ် နှလုံးသွေးကြောချဲ့ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနွယ်နွယ်က ပြောကြားသည်။
21-Sep-2017
ရန်ကုန်ရှိ ဈေးဝယ်စင်တာများကို စစ်ဆေးမည်ဟု ဇူလိုင်လက အသိပေးထားသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ပါရမီစိန်ဂေဟာ ဈေးဝယ်စင်တာကို ပထမဆုံး စစ်ဆေးခဲ့ကြောင်း ယင်းဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
20-Sep-2017
မသန်စွမ်းသူများကို စဉ်ဆက်မပြတ် ပါဝင်လာစေရေးအတွက် ကျန်းမာရေး ယူနစ်များက ကြိုးစားကြရန် လိုပါသည်။ မျက်စိ ကျန်းမာရေး လုပ်ငန်းများကို ထောက်ပံ့ပေးသူများကလည်း စီးပွားရေး လုပ်ငန်းရှင်များအား စုစည်း၍ ၎င်းတို့၏ ဝန်ထမ်းများအား မျက်စိကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများ ရစေရန် (စစ်ဆေးမှုများကို လက်ခံလာကြစေရန်) တိုက်တွန်းကြရပါမည်။
20-Sep-2017
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု၊ ပဋိပက္ခများကြောင့် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဆေးရုံတက်ရောက် ကုသသည့်လူနာ ၉၆ ဦးရှိကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက အတည်ပြု ပြောကြားသည်။
19-Sep-2017
ရန်ကုန်ဆေးရုံကြီးတွင် နိုင်ငံခြားဖြစ် ဆေးမျိုးစုံပါ ဆေးဆိုင်ကြီးတစ်ဆိုင်ကို စက်တင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း တင်သွင်းမည့်ဆေး အမှတ်တံဆိပ်များကို စာရင်းပြုစုနေရသည့်အတွက် ဖွင့်လှစ်မည့်အချိန်ကို အောက်တိုဘာလသို့ ပြောင်းလဲလိုက်ကြောင်း ယင်းဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
16-Sep-2017
ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူလူနာမှာ သုံးရာကျော်ရှိလာပြီး ငါးဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
13-Sep-2017
လူတစ်ယောက်မှာ ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက်ပိုနေပြီး အဆီတွေ များနေမယ်ဆိုရင် ကိုယ်ခန္ဓာလှုပ်ရှားမှုတွေမှာ သွက်လက်မှုမရှိသလို တစ်ခါတစ်ရံမှာ စိတ်ရဲ့ အလိုမကျမှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
11-Sep-2017
မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို သုံးစွဲရာမှ ဖြစ်ပေါ်လာသောရောဂါများကြောင့် နှစ်စဉ် လူ ခြောက်သောင်းကျော် သေဆုံးနေကြောင်း နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြထားသည်။
07-Sep-2017
ရာသီတုပ်ကွေးရောဂါ (H1N1) ကာကွယ်ဆေး အလုံးရေ တစ်သိန်းကျော်ကို ရောဂါဖြစ်ပွားမှုများသည့် နေရာများတွင် အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က ပြောကြားသည်။
06-Sep-2017
ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားမှုသည် လက်ရှိအချိန်တွင် ကျဆင်းလာပြီး ယင်းကြောင့် သေဆုံးသူ ၃၆ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
05-Sep-2017
ကချင်ပြည်နယ်တွင် H1N1 ရောဂါပိုးရှိသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး တွေ့ရှိရသဖြင့် ဆေးကုသမှုပေးလျက်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
03-Sep-2017
ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ သိပ်သည်းမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ရောဂါဖြစ်ဖြစ်ချင်း ဆေးကုသမှု မခံရသည့်အတွက် သေဆုံးမှု မြင့်တက်ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
29-Aug-2017
ရာသီတုပ်ကွေးရောဂါ (H1N1)သည် မြန်မာနိုင်ငံအတွင်း အမြစ်တွယ်နေသည့်အတွက် ယင်းရောဂါဖြစ်ပွားမှု လုံးဝ ပျောက်ကင်းအောင် လုပ်၍မရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။