News

POST TYPE

HEALTH

မိုးရာသီ ကျန်းမာရေးအတွက် သဘာဝ အိမ်တွင်းဆေးဝါး
10-Jun-2017 tagged as


မိုးရာသီဟာ အအေးမိလွယ်၊ ဖျားနာလွယ်တဲ့ ရာသီဖြစ်တဲ့အလျောက် နေထိုင်မကောင်း ဖြစ်တဲ့အခါ အိမ်တွင်းဆေးဝါးအနေနဲ့ သောက်သုံးနိုင်ဖို့ သဘာဝထွက် အစားအစာတွေနဲ့ ဘယ်လိုဖျော်စပ် သောက်သုံးရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အအေးမိလျှင် တစ်နေ့နှစ်ကြိမ် သောက်ပါ

အအေးမိတဲ့သူတွေအတွက် ရေနွေးတစ်ဖန်ခွက်ထဲကို လက်ဖက်ရည်ဇွန်း ပမာဏရှိတဲ့ သံပရာရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကို ထည့်ဖျော်ပြီး တစ်နေ့ကို နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ အအေးမိတဲ့သူအတွက် ရေနွေးကြမ်း သောက်နိုင်ပါတယ်။

ချောင်းဆိုးလျှင် တစ်ဇွန်းသောက်ပါ

သံပရာသီးကို အရည်ညှစ်ထားတဲ့ အရည်လေးဇွန်းကို ပျားရည်ရှစ်ဇွန်းနဲ့ ရောမွှေပြီး ချောင်းဆိုးတဲ့အချိန်တိုင်း တစ်ဇွန်းသောက်ပေးပါ။

လည်ချောင်းနာရင် တစ်ခွက်သောက်ပါ

မိုးရာသီမှာ အအေးမိ၊ နှာစေးပြီး လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ရေခဲရေလို အေးလွန်းတဲ့အရည် သောက်တာမျိုး ရှောင်ရပါမယ်။ သံပရာရည်တစ်ဇွန်းကို ပျားရည်နှစ်ဇွန်းနဲ့ ရေနွေးနွေးမှာ ထည့်ဖျော်ပြီး လည်ချောင်းနာခြင်းအတွက် သောက်နိုင်ပါတယ်။

နှာခေါင်းရောင်ရင် ပန်းသီး ရှာလကာရည်နဲ့ ပျားရည်သောက်ပါ

မိုးရာသီမှာ နောက်ထပ်အဖြစ်များတာက Rhinosinusitis or Sinusitis ဖြစ်တဲ့ နှာခေါင်းအတွင်းသားတွေ၊ နှာခေါင်းဘေး၊ နဖူး၊ ပါးရိုး၊ နာထင်စတဲ့ နေရာတွေက ရောင်တာတွေ ဖြစ်ပါတယ်။ ဒီလိုရောင်ရင် ရေခပ်နွေးနွေး ၂၅၀ မီလီလီတာထဲကို ပန်းသီးရှာလကာရည် (Apple Cider Vinegar) နှစ်ဇွန်းကို ပျားရည်တစ်ဇွန်းနဲ့ ရောမွှေပြီး သောက်နိုင်ပါတယ်။

အားနည်းနေရင် အခွံအနီရောင်ရှိ ချဉ်တဲ့အသီးများ စားပါ

မိုးရာသီမှာ ကိုယ်ခံစွမ်းအားအတွက် ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။ ဗီတာမင် စီကြွယ်ဝတဲ့ အသီးတွေထဲမှာမှ အခွံအနီရောင်ရှိ  ချဉ်တဲ့အသီးတွေက မိုးရာသီအတွက် ပိုသင့်တော်ပါတယ်။ အသီးတွေအနေနဲ့ လိုက်ချီးသီး၊ တရုတ်ဆီးသီး၊ ချယ်ရီသီး၊ စပျစ်နီ၊ မက်မွန်သီး၊ သလဲသီးတို့ပဲ ဖြစ်ပါတယ်။ ဟင်းချိုချက်သောက်တဲ့အခါ ကြက်သွန်ဖြူ ထည့်ချက်စားရင်လည်း ကိုယ်ခံစွမ်းအားကို မြင့်စေပါတယ်။

ရလေး
Reference : http://dailyhealthgen.com/ ; https://www.couponraja.in

  • TAGS