POST TYPE

HEALTH

ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်နှင့် ရောဂါများ
31-May-2017 tagged as

ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် စီးကရက် အမျိုးမျိုး သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း၊ ပါးစပ်/ လျှာ/ အစာပြွန်/ လေပြွန်ဝ/ ဆီးအိမ်ကင်ဆာနှင့် အခြားကင်ဆာများ ဖြစ်ပွားခြင်း၊ ခြေပုပ်/လက်ပုပ် ရောဂါဖြစ်ခြင်းနှင့် အမျိုးသားများတွင် အိမ်ထောင်ရေးသုခ အပြည့်အဝ မခံစားနိုင်ခြင်းစသည့် ရောဂါများကို ဖြစ်စေပါသည်။

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲပါက - သားပျက်သားလျှောခြင်း၊ သွေးသွန်ခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ မွေးရာပါ ချို့ယွင်းချက် ပါလာခြင်း၊ ပေါင် မပြည့်သည့်ကလေး မွေးဖွားခြင်း၊ ကလေးခန္ဓာကိုယ် ကြီးထွားမှု နှေးကွေးခြင်းတို့ ဖြစ်စေပါသည်။

ဆေးလိပ် သောက်သုံးသူများ၏ ပတ်ဝန်းကျင်အတွက် အန္တရာယ် - ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသည့်အတွက် လသားကလေးငယ်များ ရုတ်တရက် သေဆုံးခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်း၊ ကလေးများတွင် ရင်ကျပ်ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်း၊ အဆုတ်ြွပန် ရောင်ခြင်းတို့ဖြစ်စေပြီး လူကြီးများတွင် နှလုံးရောဂါနှင့် အဆုတ်ကင်ဆာ၊ ရင်ကျပ်ပန်းနာတို့ကို ဖြစ်ပွားစေပါသည်။

ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးရွက်ကြီး စသည့် ဆေးရွက်ကြီးထွက်ပစ္စည်း အမျိုးမျိုးကို နည်းမျိုးစုံဖြင့် သုံးစွဲလျက်ရှိကြပြီး ကွမ်းထဲတွင် ဆေးထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ဆေးပေါ့လိပ်နှင့် စီးကရက် အမျိုးမျိုး သောက်သုံးခြင်းတို့ကြောင့် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။

Source : ပြည်သူ့ကျန်းမာရေး ဦးစီးဌာန

  • TAGS