News

POST TYPE

HEALTH

ငါးနှစ်အောက် အရှင်မွေးဖွားသည့် ကလေး ၁၀၀ ဦးလျှင် ၅ ဦးသေဆုံး
30-May-2017 tagged as

နေပြည်တော်၊ မေ ၃၀

မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် အရှင်မွေးဖွားသည့် ကလေး ၁၀၀ဦးလျှင် ၅ ဦး သေဆုံးကြောင်း မြန်မာ့လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်များ စစ်တမ်းက ဖော်ပြသည်။

သေဆုံးရသည့် အကြောင်းအရင်းကို လေ့လာရာတွင် ကာကွယ်တားဆီး၍ရသည့် အကြောင်းအရာများဖြစ်သော လမစေ့ခြင်း၊ ကိုယ်အလေးချိန် မပြည့်ခြင်းများကြောင့် သေဆုံးမှု ၃၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေသည်။

“ငါးနှစ်ကလေးတွေ မကျန်းမာလို့ လာပြတဲ့အခါ ကလေးတွေမှာ ရောဂါတစ်ခုထဲမဟုတ်ဘဲ အခြားရောဂါတွေပါ ရှိနေတာ တွေ့ရတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။

ယင်းသို့ သေဆုံးမှုသည့် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာလျှင် လာအိုနိုင်မှလွဲ၍ အခြားနိုင်ငံများထက် မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ် သေဆုံးမှုက ပိုများနေသည်။

အသက် ငါးနှစ်အောက် ကလေးသေဆုံးမှုတွင် မွေးကင်းစ ကလေးသေဆုံးမှုသည် ၆၀ ရာခိုင်နှုန်း ရှိနေသဖြင့် အလေးပေး ဆောင်ရွက်ရမည့် အခြေအနေဖြစ်နေသည်။

ယင်းသတင်းအချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတည်ပြု ပြောကြားခြင်းဖြစ်သည်။ 

T.L

  • TAGS