News

POST TYPE

HEALTH

မျက်စိအတွင်းတိမ် ဝေဒနာရှင် ၂၀ဝ ကို အခမဲ့ ခွဲစိတ်ကုသ
21-May-2017 tagged as မျက်စိ


ရန်ကုန်၊ မေ ၂၀ 

ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှုက မျက်စိအတွင်းတိမ် ဝေဒနာရှင် ၂၀ဝ ဦးကို သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ကုသမှု ပေးခဲ့ကြောင်း အဆိုပါဆေးရုံကြီးထံမှ သိရသည်။

ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း၊ ယူနန်ပြည်နယ် ပြည်တော်ပြန် တရုတ်သမဂ္ဂအဖွဲ့၊ အိုင်အို မျက်စိအထူးကု ဆေးရုံအုပ်စု၊ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးနှင့် ဝိသာခါဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မေလ ၂၀ ရက်နေ့တွင် ခွဲစိတ် ကုသမှုပေးခဲ့ခြင်း ဖြစ်သည်။

“မျက်စိဝေဒနာ လျော့ကျရေးအတွက်ပါ။ မြန်မာနိုင်ငံမှာ လူနှစ်သိန်းလောက်က ဒီရောဂါ ခံစားနေရတယ်လို့ သိရပါတယ်”ဟု ဝိသာခါဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးအနေနှင့် တစ်လလျှင် မျက်စိဝေဒနာရှင် ၁၃၀ ဦးကို လစဉ် ကုသမှုပေးခဲ့ရာ ယခုအချိန်တွင် ၇၉ ကြိမ် မြောက်ရှိခဲ့ပြီး မျက်စိအလင်းရရှိသူ တစ်သောင်းရှိပြီဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ အချက်အလက်များအရ သိရသည်။

J-12