News

POST TYPE

HEALTH

အတက်ရောဂါရှိသူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ
17-May-2017 tagged as

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အလုပ် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ရေး ပျက်ခံခြင်း၊ ကောင်းမွန်စွာ အိပ်မပျော်ခြင်းနှင့် အစားပုံမှန် မစားခြင်းတို့သည် တက်ခြင်းကို လှုံ့ဆော်နိုင်ပါသည်။ ထို့အပြင် စူးရှလွန်းသော ရောင်စုံ မီးရောင်များနှင့် တီဗီဖန်သားပြင်မှ ထုတ်လွှင့်သော အလင်းတန်းများသည်လည်း တက်ခြင်းကို လှုံ့ဆော်နိုင်ပါသည်။

အရက် အလွန်အကျွံ သောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ သုံးစွဲခြင်းဖြင့် အတက်ရောဂါကု ဆေးများ၏ အာနိသင်ကို ပြောင်းလဲစေနိုင်၍ ပိုမိုတက်နိုင်ပါသည်။

အထူးသဖြင့် အမျိုးသမီးများ ဓမ္မတာလာချိန်ဝန်းကျင်တွင် သာမန်ထက်ပို၍ တက်ခြင်းများ ဖြစ်တတ်ပြီး ရာသီလာချိန်တွင် တက်ခဲ့ပါက သုံးလအတွင်း တက်ခဲ့သော အကြိမ်အရေအတွက်နှင့် ကြာချိန်တို့ကို မှတ်တမ်းတင်ထားရမည်။

အတက်ရောဂါရှိသူများ ကိုယ်အပူချိန်မြင့်စွာ ဖျားနာခြင်းဖြစ်ခဲ့လျှင် အထူးသတိပြုသင့်ပြီး ယင်းရောဂါရှိသူများသည် ဆရာဝန် ညွှန်ကြားထားသော အတက်ရောဂါကု ဆေးများကို မှန်ကန်စွာ မသောက်လျှင် တက်ခြင်းကို လှုံ့ဆော်နိုင်ပါသည်။

အတက်ရောဂါရှိသူများ အနေနှင့် အတက်ရောဂါကု ထုံးဆေးများဖြင့် တက်ခြင်းကို ကောင်းမွန်စွာ ထိန်းမထားနိုင်လျှင် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် အောက်ဖော်ပြပါ အလုပ်များကို သတိထား ဆောင်ရွက်ရန် လိုအပ်ပါသည်။

အမြင့်တက်ခြင်း၊ မီးအသုံးပြုရသည့် ချက်ပြုတ်ခြင်းများ၊ ရေနွေးအိုးများနှင့် ချွန်ထက်သော ပစ္စည်းများကို သတိပြုကိုင်တွယ်ရန် လိုအပ်ပြီး အဖော်မပါဘဲ မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ရေကန်များ အနီးတွင် အလုပ်လုပ်ခြင်း၊ ရေကူး၊ ရေချိုးခြင်းများ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်စီးခြင်း၊ ကားမောင်းခြင်းနှင့် စက်ယန္တရားများနှင့် ဆိုင်သော အလုပ်များ လုပ်ကိုင်ခြင်းတို့ကို သတိထား ဆောင်ရွက်သင့်ပါသည်။

Source : မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်

  • TAGS