News

POST TYPE

HEALTH

မြောက်ဥက္ကလာဆေးရုံတွင် ကင်ဆာဝေဒနာရှင်များအတွက် Day Care Center ဖွင့်
17-May-2017 tagged as ဆေးရုံ

ရန်ကုန်၊ မေ ၁၆

မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကင်ဆာရောဂါဝေဒနာရှင်များအတွက် နေ့ပိုင်းကုသမှုအဆောင် (Day Care Center) ကို ဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း ယင်းဆေးရုံ၏ ဆေးရုံ အုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။

အဆိုပါ ဆေးရုံကြီးသို့ ကင်ဆာရောဂါ ဝေဒနာဖြင့် လာရောက် ကုသသူ များပြားကြောင်း၊ လူနာများသည် ကင်ဆာဆေးကို အကြိမ်ပေါင်းများစွာ သွင်း၍ ကုသရသည့်အတွက် လာရောက်ကုသရာတွင် အခက်အခဲ များစွာရှိကြောင်း၊ ယခင်က ကင်ဆာရောဂါ ကုဌာနကို မဖွင့်လှစ်နိုင်သေးသဖြင့် လူနာများ အနေနှင့် အခြားသော အဆောင်များတွင် သွားရောက် ကုသရသည့်အတွက် ယင်းအဆောင်များမှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒီအဆောင်တွေမှာ ခုတင် ၁၀ လုံး ရှိတဲ့အတွက် လူနာ ၃၀ လောက် ဆေးကို ဒီနေ့ထိုး ဒီနေ့ပြန်လို့ရအောင် လုပ်ပေးနိုင်တော့မယ်”ဟု ၎င်းကဆိုသည်။

မြောက်ဥက္ကလာပ အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ နေ့စဉ် လာရောက် ပြသသည့် လူနာဦးရေ များပြားခြင်းကြောင့် ခုတင် ၈၀ဝ ဆံ့ ဆေးရုံကြီးမှ ခုတင် ၁၅၀ဝ ဆံ့ ဆေးရုံကြီးအဖြစ်သို့ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ယင်းဆေးရုံထံမှ သိရသည်။

J-12