News

POST TYPE

HEALTH

ကျောင်းသားများ အားကစားလှုပ်ရှားမှုအတွက် နေရာ ဖန်တီးပေးရန် လိုအပ်
18-Jan-2017

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကျောင်းသားလူငယ်များ အနေနှင့် ကျန်းမာရေး ကောင်းမွန်စေရန် အားကစား လိုက်စားမှုများကို ပြုလုပ်ရန် လိုအပ်ကြောင်း ရောင်ခြည်သစ် အခမဲ့ဆေးခန်း တာဝန်ခံ ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

“တချို့ဟာကျတော့ အားကစား လုပ်မယ့်နေရာ မရှိဘူး။ ပစ္စည်းလိုအပ်မှုကြောင့်လည်း ပါတယ်။ လူငယ်တွေ အားကစားထဲမှာ ပါနိုင်အောင် ဖန်တီးပေးဖို့ လိုမယ်။ အဲဒါဆိုရင် ကလေးတွေလည်း အားကစားရဲ့ ကောင်းကျိုးတွေနဲ့ အားကစား လုပ်ခြင်းကြောင့် ဘာတွေ ဖြစ်လာမယ်ဆိုတာရယ်၊ အားကစားက ဘယ်လောက် အရေးကြီးလဲ ဆိုတာကို သူတို့ဟာ သူတို့ သိလာရင် ပါဝင် လှုပ်ရှားလာမှာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ကျန်းမာ၍ အားကစား လိုက်စားလာစေရေး၊ ကျန်းမာရေး အသိပညာ ပြန့်ပွားလာစေရေးတို့ကို ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျောင်းပေါင်း ၃၀ တွင် A-Linker Company ၏ ဦးဆောင်မှုဖြင့် စာပေဟောပြောပွဲများကို ပြုလုပ်ပေးလျက် ရှိကြောင်း A-Linker Company မှ ဒေါက်တာ ထက်ဝေယံက ပြောကြားသည်။

အဆိုပါ ဟောပြောပွဲ၌ ကျောင်း တစ်ကျောင်းလျှင် ဗလာစာအုပ်အုပ်ရေ ၅၀ဝ နှင့် Medical Box များကို ဘီတာဒိုင်း အနာကျက်ဆေးရည် ကုမ္ပဏီက လှူဒါန်းခဲ့သည်။

တွမ်ပီး

  • VIA