POST TYPE

HEALTH

ကိုယ်အလေးချိန် တက်စေတဲ့ ညဘက်အမူအကျင့် (၆) ခု
01-Jan-2017 tagged as ကျန်းမာရေး

(၁) ညစာကို ဖွယ်ဖွယ်ရာရာနဲ့ တစ်ဝစားတာ

မနက်စာနဲ့ နေ့လယ်စာတွေမှာ တော်ရိလျော်ရိလောက်ပဲစားပြီး ညစာကျမှ သေသေချာချာပြင်ဆင်ပြီး တစ်ဝစားတတ်တာဟာ ကိုယ်အလေးချိန်တက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ တစ်နေ့လုံး စားသမျှ အနပ်တွေမှာ ညစာဟာ ပိုပြီးအလေးချိန် တိုးစေပါတယ်။

(၂) ညစာစားပြီး သွားမတိုက်တာ

သွားတိုက်တာက အစာထပ်မစားဖြစ်အောင် အဟန့်အတား ဖြစ်စေတဲ့အတွက် မတိုက်ဘူးဆိုရင် ညစာပြီးလည်း သွားရည်စာတွေကို သွားရင်းလာရင်း တီဗီကြည့်ရင်း အဟန့်အတားမရှိ စားဖြစ်နေတော့မှာပါ။

(၃) စားပြီးတာနဲ့ လှဲနေတတ်တာ

စားပြီး သောက်ပြီး ပန်းကန်တွေဘာတွေ ဆေးပြီးတာနဲ့ ဆိုဖာခုံပေါ်ဖြစ်ဖြစ် ပစ်လှဲချတတ်ဆိုရင် စားထားတဲ့ အဆီတွေကလည်း စိတ်ကြိုက်စုလာပါလိမ့်မယ်။ စားပြီးတဲ့အခါ ဟိုနားဒီနား လမ်းထွက်လျှောက်ပါ။ ဆယ်မိနစ်လောက်ဆိုရင်ပဲ လုံလောက်ပါတယ်။

(၄) လက်အားနေတာ

တီဗီကြည့်နေရင်း လက်က ဘာမှလုပ်စရာမရှိ အားနေတယ်ဆိုရင် တစ်ခုခု စားမိပါလိမ့်မယ်။ ခေါင်းအုံးဖြစ်ဖြစ် ရီမုတ်ကွန်ထရိုးဖြစ်ဖြစ် တစ်ခုခု ကိုင်ထားပါ။ ဒါမှမဟုတ်လည်း စားချိန်စိတ် ပေါ်လာတိုင်း ရေသောက်ပါ။

(၅) ညစာကို ထမင်းစားပွဲမှာ မစားတာ

ညစာကို စားပွဲမှာ သတ်သတ်မှတ်မှတ် မစားဘဲ တီဗွီကြည့်ရင်း ဒါမှမဟုတ် တခြားတစ်ခုခုလုပ်ရင်း စားမယ်ဆိုရင် ကိုယ်တိုင်က သတိမပြုမိဘဲ အများကြီး စားမိတတ်ပါတယ်။ ညစာစားတဲ့အခါ စားတဲ့ဆီမှာသာ အာရုံထားပါ။

(၆) အိပ်ရေးမဝတာ

ညဘက်မှာ ကောင်းကောင်းမအိပ်တာဟာ ကိုယ်အလေးချိန် တက်စေရုံတင်မကဘဲ သွေးတိုးနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေလည်း ပိုများစေပါတယ်။ သွေးလည်ပတ်မှုကို ကမောက်ကမ ဖြစ်စေသလို နောက်တစ်ရက်မှာလည်း အစားများများ စားမိစေပါတယ်။

Ref : rd.com