News

POST TYPE

HEALTH

ဗဟိုအမျိုးသမီး ဆေးရုံတွင် အာဟာရဒါန အလှူရှင်များ ဖိတ်ခေါ်
28-Dec-2016 tagged as

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ဗဟိုအမျိုးသမီး ဆေးရုံကြီး (ရန်ကုန်)တွင် တက်ရောက် ကုသလျက် ရှိသည့် လူနာများအတွက် အာဟာရဒါန လှူဒါန်းနိုင်ကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောကြားသည်။

“လူနာ ၁၂၀ နဲ့ ၁၅၀ ကြား မနက်နဲ့ည ချက်ပြုတ်တယ်ဆိုရင် ဟင်းအမျိုးအစားအပေါ်တော့ မူတည်တာပေါ့။ အနည်းဆုံး တစ်သိန်း တစ်သောင်းကနေ အများဆုံး တစ်သိန်းလေးသောင်းအထိပါ။ နိုင်ငံတော်က ပေးတဲ့ငွေနဲ့ အလှူရှင်တွေရယ်ကြောင့်တော့ လောက်ငပါတယ်။ နောက်တစ်နေ့ အလှူရှင် လာပါ့မလားလို့တော့ စိတ်ပူရတယ်။ ကျွန်မတို့ ပိုမိုပြီးတော့ ကောင်းမွန်တဲ့ အာဟာရကို ကျွေးမွေးဖို့ အတွက်ကို အလှူရှင်တွေကတော့ လိုတာပေါ့”ဟု ၎င်းကဆိုသည်။

ယင်းဆေးရုံကြီးသည် ခုတင် ၈၀ဝ ဆံ့(မိခင် ၅၅၀ နှင့် ကလေး ၂၅၀)ဆေးရုံကြီးဖြစ်ပြီး တက်ရောက် ကုသမှုခံယူနေသည့် လူနာများထဲမှ အာဟာရ ကျွေးမွေး ကုသရန် လိုအပ်သော လူနာများ၊ နွမ်းပါးသော လူနာများနှင့် နယ်ဝေးမှ လာရောက်သည့် အခက်အခဲ ရှိသည့်လူနာများအား ဆေးရုံကြီး၏ အစီအစဉ်ဖြင့် အာဟာရ ကျွေးမွေးလျက်ရှိကြောင်း၊ လှူဒါန်းလိုသူများသည် ဝ၉-၂၅၀၂၉၁၅၉၅၊ ဝ၉-၄၄၄၀ ၁၀၅၉၇ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။ 

J-12

  • TAGS