News

POST TYPE

HEALTH

ဝိတ်ချဖို့အတွက် အကောင်းဆုံး အစားအစာများ
14-Dec-2016 tagged as


၁။ ကြက်ဥစားပါ
ကြက်ဥမှာ ကိုလက်စထရောပါဝင်မှု များပြားတဲ့အတွက် ပုံမှန်စားသုံးရင် ခန္ဓာကိုယ်မှာ အဆီပိုတွေ တက်လာမယ်လို့ လူအများစုက ထင်နေကြပါတယ်။ အခုနောက်ပိုင်း ဆေးပညာဆိုင်ရာ လေ့လာ တွေ့ရှိမှုတွေ အရတော့ ကြက်ဥက ဝိတ်ချချင်သူတွေ ပုံမှန် စားသုံးသင့်တဲ့ အစားအစာ တစ်ခုအဖြစ် ညွှန်းဆို ထားကြပါတယ်။ ကြက်ဥမှာ ပရိုတင်းဓာတ် ပြည့်ဝစွာ ပါဝင်ပြီး ကယ်လိုရီလည်း နည်းပါးတဲ့အတွက် ဝိတ်ချချင်သူတွေအဖို့ ကြက်ဥကို ပုံမှန် စားသုံးသင့်ပါတယ်။

၂။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပါ
အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကယ်လိုရီနဲ့ ကာဘွန်ဟိုက်ဒရိတ် ပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေကို ကိုယ်နေ့စဉ် ပုံမှန် စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်း စားသုံးသင့်ပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အိုမင်းရင့်ရော်မှုကို လျှော့ချပေးနိုင်တဲ့ Antioxidants တွေပါဝင်တဲ့အတွက် နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။

၃။ အာလူးပြုတ်စားပါ
အာလူးကို ချက်စား၊ ကြော်စားတာထက် ပြုတ်စားတာက အာဟာရဓာတ်ကို ပိုပြီး ပြည့်ပြည့်ဝဝ ရစေပါတယ်။ အာလူးမှာ အာဟာရဓာတ် ပြည့်ဝစွာ ပါဝင်တာကြောင့် အာလူးပြုတ် စားပြီးရင်တော့ နောက်တစ်ကြိမ် အစာ စားချင်စိတ်ကို အချိန် အတော်ကြာ ထိန်းထားပေးနိုင်မှာပါ။ ဝိတ်လည်း ချချင်တယ်၊ အစား တစ်ခုခုကို မကြာခဏ စားတတ်တဲ့ အကျင့်ရှိရင်တော့ ကိုယ့်အိမ်ရဲ့ မီးဖိုချောင်မှာ အာလူးတွေကို ဆောင်ထားဖို့ မမေ့ပါနဲ့။

၎။ ပဲအမျိုးမျိုး စားသုံးပါ
ပဲအမျိုးမျိုးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် ဝိတ်ချချင်သူတွေ စားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲစတဲ့ ပဲအမျိုးမျိုးကို ကိုယ်နေ့စဉ် စားသုံးမယ့် ထမင်းစားပွဲမှာ ဟင်းအမည်တစ်မျိုး အနေနဲ့ ထည့်သွင်း စားသုံးဖို့ အကြံပြုချင်ပါတယ်။ 

၅။ ငရုတ်သီး စားပါ
ငရုတ်သီးကလည်း ဝိတ်ချချင်သူတွေ စားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်တယ်ဆိုတာကိုတော့ သိသူနည်းလှပါတယ်။ ငရုတ်သီးမှာ  မကြာခဏ အစာ စားချင်စိတ်ကို လျှော့ချပေးတဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို ချေဖျက်ပေးနိုင်တဲ့ Capsaicin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဝိတ်ချချင်သူတွေ အတွက်တော့ ကိုယ့်အိမ်ရဲ့ မီးဖိုချောင်မှာ ငရုတ်သီးကို အမြဲ ဆောင်ထားဖို့ မမေ့ပါနဲ့နော်။ 

၆။ ဒိန်ချဉ်သောက်ပါ
အားဖြည့် အချိုရည်တွေ၊ အသီးဖျော်ရည်တွေကို သောက်မယ့်အစား ဒိန်ချဉ် တစ်ခွက် သောက်လိုက်တာက ကျန်းမာရေးနဲ့လည်း ညီညွတ်သလို၊ ခန္ဓာကိုယ်မှာ အဆီပိုတွေလည်း မတက်စေပါဘူး။ ဒိန်ချဉ်ကို ပုံမှန် သောက်သုံးပေးမယ်ဆိုရင်တော့ အဝလွန်မှုကို လျှော့ချပေးနိုင်သလို၊ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေလည်း နည်းပါးစေနိုင်ပါတယ်။    

J-12
Source: www.authoritynutrition.com

  • TAGS