News

POST TYPE

HEALTH

ဘယ်လို လူတွေကို ခြင်ပိုကိုက်သလဲ
11-Dec-2016 tagged as ခြင်


အတူတူ ရှိနေကြပေမယ့် တစ်ခါတလေမှာ ကိုယ်က ခြင်ကိုက် ခံနေရပြီး သူများတွေကိုတော့ ခြင်ကိုက် မခံရတာတွေ ကြုံဖူးကြမှာပါ။ ဘယ်လို အခြေအနေ ရှိတဲ့လူတွေ ခြင်ပိုကိုက်ခံရတယ် ဆိုတာ ဖော်ပြလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်

ခြင်ကိုက်တယ်ဆိုတာ ခြင်မတွေက ကိုက်တာပါ။ ခြင်မတွေဟာ ခြင်ကိုက်မယ့်သူကို အာရုံခံတဲ့အခါမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို အာရုံ ခံကြပါတယ်။ အမျိုးသမီး အနေနဲ့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ပြီး မီးမဖွားခင် ကာလမှာ (ကိုယ်ဝန် ၂၈ ပတ်) ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ကိုယ်ဝန် မရှိသူထက် ၂၁ ရာခိုင်နှုန်း ပို ထုတ်တတ်တာကြောင့် ကိုယ်ဝန် ရှိနေစဉ်မှာ ခြင်ကိုက်ခံရနိုင်တာပါ။ 

ချွေးရွှဲနေရင်

အားကစား လုပ်တဲ့သူတွေထဲမှာ အိမ်တွင်း အားကစား လုပ်တဲ့သူရှိသလို အပြင်မှာ အားကစား လုပ်ကြသူတွေလည်း ရှိပါတယ်။ ပြင်းပြင်းထန်ထန် လှုပ်ရှားပြီး အားကစား လုပ်တာမို့ ချွေးထွက်လာတဲ့အခါ လက်တစ်အက်ဆစ် ထွက်လာပါတယ်။ ဒါဟာ ခြင်ကိုက်ဖို့ ခြင်တွေကို ဆွဲဆောင်လိုက်တာပဲ။ ကိုယ် ခန္ဓာအပူချိန် မြင့်နေတာဟာလည်း ခြင်ကိုက်စေဖို့ ခြင်တွေကို ပိုဆွဲဆောင် လိုက်တဲ့ အချက် တစ်ချက်ပါပဲ။

အိုသွေးပိုင်ရှင်

လူတွေမှာ ကိုယ်ကြိုက်တဲ့ အရသာ တစ်ခု ရှိသလိုပါပဲ။ ခြင်တွေမှာလည်း သူတို့ကြိုက်တဲ့ အရသာ ရှိပါတယ်။ သုတေသန တစ်ခုအရတော့ ခြင်တွေဟာ အိုသွေး အမျိုးအစားကို ပိုကြိုက်ပါတယ်။ အိုသွေးရဲ့ အနံ့ဟာ ခြင်တွေကို ပိုဆွဲဆောင်တယ်လို့ ဆိုပါတယ်။

အရက်၊ ဘီယာ သောက်တဲ့သူ

အရက်ကြောင့် ခြင်ကိုက်ခံရဖို့ အခွင့်အရေး ပိုများစေပါတယ်တဲ့။ အနောက် အာဖရိကမှာ လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခု အရဆိုရင် ရေ ဒါမှမဟုတ် ဘီယာ သောက်ထားတဲ့လူဟာ ပိုပြီးတော့ ခြင်ကိုက်ခံရနိုင်ပါတယ်တဲ့။ ဂျပန်မှာ လုပ်ခဲ့တဲ့ အခြား သုတေသန တစ်ခုအရဆိုရင်လည်း အရက်သောက်ထားတဲ့သူတွေက ခြင်တွေကို ပိုဆွဲဆောင်တယ်လို့ ဆိုပါတယ်။

Reference: http://time.com