POST TYPE
HEALTH
FDA က စားသုံးရန်မသင့်သည့် အစားအသောက် ၆၀ ကျော် ထုတ်ပြန်
08-Aug-2019

ရန်ကုန်၊ ဩဂုတ် ၈
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဈေးကွက်များ၌ ရောင်းချလျက်ရှိသည့် အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ခဲ့ပြီးနောက် စားသုံးရန်မသင့်သည့် အစားအသောက် ၆၀ ကျော်ကို ထုတ်ပြန်သည်။
အဆိုပါ အစားအသောက်များတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများပါဝင်မှု၊ ခွင့်ပြု အစားအသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပို၍သုံးစွဲထားသောကြောင့် ယင်းအစားအသောက်များကို စားသုံးခြင်းဖြင့် ရေရှည်တွင် အစာအိမ်၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးစေနိုင်သည့်အပြင် ကင်ဆာရောဂါကို ဖြစ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
J-12
- VIA
- Voice Admin
- SOURCES
- The Voice
-
08-Dec-2019
-
08-Dec-2019
-
08-Dec-2019
-
08-Dec-2019
-
08-Dec-2019
-
07-Dec-2019
-
01-Dec-2019