News

POST TYPE

HEALTH

H1N1 ကြောင့် သေဆုံးသူ တိုင်းနှင့် ပြည်နယ်အလိုက် တိုး
25-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၅

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းသည် တိုးလာလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအထိ ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ ၅၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅ ဦး၊ ကချင်ပြည်နယ်တွင် ၁ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး၊ မွန်ပြည်နယ်တွင် ၃ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)pdm09) ဓာတ်ခွဲစစ်ဆေးသူပေါင်း ၉၀၈ ဦး ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူဦးရေ ၃၈၉ ဦးနှင့် သေဆုံးသူ ၇၂ ဦးအထိ ရှိလာရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စာရင်းများနှင့်နှိုင်းယှဉ်ပါက သေဆုံးမှုနှုန်း မြှင့်တက်လျက်ရှိနေသည်ကို တွေ့ရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် H1N1 စစ်ဆေးသူပေါင်း ၄၅၀ ဦးရှိပြီး ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ဦးရေ ၂၀၉ ဦးနှင့် သေဆုံးသူ ၅၆ ဦးရှိကြောင်း၊ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံး မြို့နယ်များအဖြစ် ဒဂုံမြို့သစ်(တောင်)တွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူဦးရေ ၂၂ ဦးနှင့် သေဆုံးသူ ၅ ဦး၊ လှိုင်သာယာတွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူဦးရေ ၁၆ ဦးနှင့် သေဆုံးသူ ၅ ဦး၊ သင်္ဃကျွန်းတွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူဦးရေ ၁၄ ဦးနှင့် သေဆုံးသူ ၄ ဦး၊ သန်လျင်တွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူဦးရေ ၁၂ ဦးနှင့် သေဆုံးသူ ၃ ဦး၊ မှော်ဘီတွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူဦးရေ ၇ ဦးနှင့် သေဆုံးသူ ၄ ဦး၊ သာကေတတွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူဦးရေ ၆ ဦးနှင့် သေဆုံးသူ ၃ ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

J-12