News

POST TYPE

HEALTH

သူငယ်ချင်းနှစ်ဦး စကားများရာမှ ဓားဖြင့်ထိုးသတ်
31-Jan-2019
ပုသိမ်၊ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်တွင် ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်းက သူငယ်ချင်းနှစ်ဦး အရက်အတူသောက်ပြီး ပြန်လာစဉ် စကားများရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ပုသိမ်နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းရပ်ကွက် ရထားသံလမ်းအနီးတွင် သူငယ်ချင်းနှစ်ဦး စကားများရန်ဖြစ်ရာ ဦးဘိုဘိုဟန် (၄၁ နှစ်)က လက်သီးဖြင့်ထိုးသည့်အတွက် မိုးကြီး (ခေါ်) မိုးကျော်ခိုင်က အသင့်ပါလာသည့် စတီးဓားဖြင့် တစ်ချက်ထိုးခဲ့ခြင်းကြောင့် ဦးဘိုဘိုဟန်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ထိုအမှုနှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ မိုးကြီး (ခေါ်) မိုးကျော်ခိုင်ကို အခင်းဖြစ်သည့် ညတွင်ပင် နာရီပိုင်းအတွင်း ဖမ်းမိခဲ့ပြီး ပုသိမ်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-12