News

POST TYPE

HEALTH

တောင်ဒဂုံ၌ တစ်လနှစ်ကြိမ် မိုဘိုင်းလ်အခမဲ့ ကျန်းမာရေးဆောင်ရွက်
26-Oct-2016


ရန်ကုန်၊ အောက်တိုဘာ ၂၅

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ လူထုကျန်းမာရေးအတွက် တစ်လ နှစ်ကြိမ် မိုဘိုင်းလ် အခမဲ့ ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။

“စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် ကျန်းမာရေးတောင် ဂရုမစိုက်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတဲ့အတွက် တတ်နိုင်သလောက် ပြည်သူတွေကို ပြန်ပြီးတော့ အလုပ်အကျွေး ပြုတဲ့သဘောပါ”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဆေးကုသမှုများကို လုပ်ဆောင်ခဲ့သည်မှာ ၁၇ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် ရပ်ကွက် ဓမ္မာရုံများတွင် တစ်လ နှစ်ကြိမ် စနေနေ့တိုင်း နံနက် ၉ နာရီမှ စတင်ကာ ကျန်းမာရေး လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ယင်းလုပ်ငန်း တာဝန်ရှိသူများထံမှ သိရသည်။

“တစ်လကိုနှစ်ကြိမ်၊ ကိုယ်စားလှယ်တွေက တစ်လကို ငါးသောင်းထည့်တယ်။ ဆရာဝန် ငါးယောက်နဲ့ပါ။ အထွေထွေ ရောဂါတွေကို ကုသပေးတယ်။ ရပ်ကွက်အစုံပေါ့”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ဆက်လက် ပြောကြားသည်။

အဆိုပါ တစ်လနှစ်ကြိမ် မိုဘိုင်းလ် အခမဲ့ ကျန်းမာရေး လုပ်ငန်းကို လာမည့် နိုဝင်ဘာလတွင် တောင်ဒဂုံ ၇၁ ရပ်ကွက်၌ ထပ်မံ ကုသမှုများ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

  • VIA