News

POST TYPE

HEALTH

လောင်းရှည်မြို့တည်နှစ် ၁၀၀၀ ပြည့် မုခ်ဦးကျောက်စာတိုင်ဖွင့်
27-Dec-2018

ချောက်၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော လောင်းရှည်မြို့တည်နှစ် ၁၀၀၀ ပြည့် မုခ်ဦးကျောက်စာတိုင်ဖွင့်ပွဲ အခမ်းအနားကို လောင်းရှည်မြို့ဟောင်းအနီး စလင်းချောင်းကွင်းပြင်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

လောင်းရှည်ရှေးဟောင်းမြို့ကို မြန်မာသက္ကရာဇ် ၃၈၀ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျောက်စာတွင် ဖော်ပြထားသည်။
 
လက်ရှိယင်းမြို့တွင် ရပ်ကွက် ၄ ခု၌ လူဦးရေ ၃၁၆၀ နေထိုင်ပြီး ယင်းဒေသ တွင် ဥ(ပ်)ပူး ချင်းတိုင်းရင်းသားမျိုးနွယ်စုများ၊ ပျူလူမျိုးမှ ဆင်းသက်လာသော တောင်သားလူမျိုးများနှင့် ယောလူမျိုးများ နေထိုင်ကြောင်း လောင်းရှည်မြို့ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

R-24