POST TYPE
HEALTH
ကမ္ဘာလုံးဆိုင်ရာ သက်ကြီးများစောင့်ကြည့်သိမြင်ရေး အစီရင်ခံစာ ထုတ်ပြန်
13-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံမှ သက်ကြီးများ၏ အကြောင်းအရာ အချက်အလက်များပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ သက်ကြီးများ စောင့်ကြည့်သိမြင်ရေး အစီရင်ခံစာကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (Help Age International Myanmar) က ထုတ်ပြန်သည်။
အဆိုပါ အစီရင်ခံစာကို ၂၀၀၉ ခုနှစ်တွင်ကောက်ယူထားသည့် အချက်အလက်များကို အခြေခံ၍ လုပ်ဆောင်ထားခြင်းဖြစ်ပြီး ထိုအစီရင်ခံစာတွင် သက်ကြီးကျန်းမာရေးဆိုင်ရာများကို အဓိက ဖော်ပြထားကြောင်း Help Age International Myanmar မှ ပြည်သူ့ကျန်းမာရေးစီမံချက်မန်နေဂျာ Professor Anil Kumar Indira Krishna က ပြောကြားသည်။
“အစီရင်ခံစာကို နှစ်တိုင်းလုပ်တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေအတွက် သီးသန့်လုပ်တဲ့ ဒေတာရှိပါတယ်။ ဒါကိုမူတည်ပြီးတော့ လုပ်တာပါ”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် လူတိုင်းလက်လှမ်းမီသည့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးပြီး ယင်းကဏ္ဍတွင် သက်ကြီးများအတွက် ပါဝင်ရန်လိုအပ်ကြောင်း၊ ထို့အတူ မကူးစက်တတ်သောရောဂါများဖြစ်ပွားမှုသည် သက်ကြီးများတွင် ပိုမိုတွေ့လာရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောကြားသည်။
အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံ အပါအဝင် အာဂျင်တီးနား၊ ကိုလံဘီယာ၊ အယ်ဆာလ်ဗေဒို၊ ကင်ညာ၊ လက်ဘနွန်၊ မော်ဒိုဗာ၊ ပါကစ္စတန်၊ ဆားဗီးယား၊ တန်ဇန်းနီးယား၊ ဗီယက်နမ်နှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများတွင် ဖြန့်ဝေထုတ်ပြန်မည်ဖြစ်ကြောင်း Help Age International Myanmar ထံမှ သိရသည်။
J-12
- VIA
- Voice Admin
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019