News

POST TYPE

HEALTH

ပုညှက်ခြင်း
12-Oct-2016

လူတို့တွင် ရှိသင့် ရှိထိုက်သည့် အရပ်အမောင်းထက် ပုနေခြင်းကို ဆိုလိုပြီး ကလေး တစ်ယောက် သန္ဓေသားဘဝမှစ၍ ၂ နှစ်မြောက် မွေးနေ့အထိ ရက်ပေါင်း တစ်ထောင် ကာလအတွင်း အာဟာရ လုံလောက်စွာ မရရှိခြင်းနှင့် မကြာခဏ နာမကျန်း ဖြစ်ခြင်းတို့ကြောင့် ပုညှက်ခြင်းကို ဖြစ်စေပါသည်။

ပုညှက်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားနိုင် 

ပုညှက်ခြင်းသည် ကလေးနှင့် လူကြီးများတွင် ရေရှည်သက်ရောက်မှုများ ရှိပြီး ကာယဉာဏ စွမ်းဆောင်ရည်များ နိမ့်ပါးနိုင်ခြင်း အပါအဝင် အလုပ် လုပ်နိုင်စွမ်း လျော့ကျခြင်းနှင့် ကျန်းမာရေး မကောင်းခြင်းတို့ကို ဖြစ်စေပါသည်။

ဘဝအစ ရက်ပေါင်း ၁ဝဝဝ အတွင်း အာဟာရ ကောင်းစွာ ရရှိသည့် ကလေးများသည် ဖော်ပြပါ အခက်အခဲများကို ကျော်လွှားနိုင်သည်။

- ကလေးဘဝတွင် အဖြစ်များသည့် အသက်အန္တရာယ် ဖြစ်စေသော ရောဂါများကို ၁ဝ ဆ ပိုမို ကျော်လွှားနိုင်သည်။
- ကျောင်းပညာရေးတွင် ပုံမှန်ထက် ငါးဆ ပိုမို လုပ်ဆောင်နိုင်သည်။
- အရွယ် ရောက်လာသည့်အခါတွင်လည်း ပုံမှန်ထက် လုပ်ခလစာ ၂၁ ရာခိုင်နှုန်း ပိုမို မြင့်မားစွာ ရရှိနိုင်သည်။
- ကြီးပြင်းလာသည့် အခါတွင် ပိုမို ကျန်းမာ ပျော်ရွှင်သော မိသားစုဘဝများကို တည်ဆောက်နိုင်သည်။

အာဟာရ ပြည့်ဝခြင်းသည် လူသား အရင်းအမြစ်အတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာ အထောက်အကူ ပြုနိုင်သည့်အချက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် အသက် ငါးနှစ်အောက် ကလေးငယ်များ၏ ၃၆ ရာခိုင်နှုန်းသည် ပုညှက်နေကြောင်း လေ့လာ တွေ့ရှိရပြီး ယင်းမှာနိုင်ငံ၏ အချို့နေရာများတွင် ၅ဝ ရာခိုင်နှုန်းအထိ ရှိသည်။

Source: UNOPS

  • VIA