News

POST TYPE

HEALTH

ငါးနှစ်ကြာပြေးနေသည့် ထောင်ပြေးကို ပစ်ခတ်ဖမ်းဆီး
26-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ခိုးမှုဖြင့် ထောင်ဒဏ်ချခံထားရပြီး ငါးနှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေရာမှ မုဒိမ်းမှု ထပ်မံကျူးလွန်ထားသူကို စက်တင်ဘာ ၂၄ ရက် နံနက် ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

ရေတာရှည် ပေါက်ချောင်း ကျေးရွာနေ နိုင်ဝင်း (၄၁ နှစ်) သည် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် လက်နက်မှုဖြင့် မြင်းခြံထောင်တွင် ထောင်ဒဏ်ကျခံခဲ့ချိန် ခိုးမှုများ ပေါ်ပေါက်သဖြင့် တောင်ငူထောင်သို့ ထပ်မံပို့ဆောင်အကျဉ်းချခံခဲ့ရပြီး ၂၀၁၃ ခုနှစ်က ထွက်ပြေးခဲ့ပြီးနောက် လွတ်မြောက်စဉ် မုဒိမ်းမှုကျူးလွန်ထားသူဖြစ်ကြောင်း ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

“ခိုးမှုနဲ့ တောင်ငူထောင်ကလွတ်တော့ ရေတာရှည်မှာ မုဒိမ်းမှုကျူးလွန်တာပါ။ အခုပေါက်ချောင်းအိမ်ကို ပြန်အလာမှာ ဖမ်းဆီးချိန် ခုခံလို့ သေနတ်နဲ့ပစ်တာပါ၊ မထိဘဲ လုံးထွေးသတ်ပုတ်ဖမ်းဆီးလိုက်တယ်”ဟု ရေတာရှည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး နိုင်ဝင်းကို ရေတာရှည်မြို့မရဲစခန်းက ထောင်ပြေးမှု၊ လက်နက်မှု၊ မုဒိမ်းမှုတို့ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းထံမှသိရသည်။ 

R-15


  • VIA