News

POST TYPE

HEALTH

အရက်တစ်ပက် နှစ်ပက် တစ်ခွက်တလေ ပုံမှန်သောက်ခြင်းသည်ပင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်
25-Aug-2018



လန်ဒန်၊ သြဂုတ် ၂၅ 

နေ့စဉ် ဝိုင်တစ်ခွက် သို့မဟုတ် အရက်တစ်ပက် သောက်သုံးခြင်းသည် ကျန်းမာရေးကောင်းမွန်စေနိုင်သည်ဟု ယခင်က ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့သော်လည်း ယင်းသို့ ပမာဏအနည်းငယ်ခန့်မျှ သောက်သုံးခြင်းသည်ပင် ရောဂါဖြစ်နိုင်ခြေနှင့် အချိန်မတိုင်မီသေဆုံးနိုင်ခြေတို့ကို ပိုမိုမြင့်မားစေနိုင်သည်ဟု သိပ္ပံပညာရှင်များ၏ နောက်ဆုံးလေ့လာတွေ့ရှိချက်တစ်ရပ်က သတိပေးလိုက်ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။ 

မကြာသေးခင်ရက်ပိုင်းကထွက်လာသော ကမ္ဘာတစ်ဝန်းအရက်သောက်သုံးမှုဆိုင်ရာ သုတေသနအစီရင်ခံစာတစ်ရပ်ရပ်အရ အရက်သောက်ရာတွင် ပမာဏနည်းသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည့် အတိုင်းအတာဟူသည်မှာ လုံးဝမရှိပေ။ 

ကမ္ဘာတစ်လွှား ၁၉၅ နိုင်ငံတွင် လေ့လာခဲ့သော အရက်သောက်သုံးမှု သုတေသနရလဒ်များအရ အရက်သောက်သုံးမှုသည် ၂၀၁၆ ခုနှစ်အတွင်း အချိန်မတန်ခင် သေဆုံးမှုပေါင်း သုံးသန်းခန့်ကို ဖြစ်စေခဲ့သည်။ 

အရက်သောက်ခြင်းသည် အသက် ၁၅ နှစ်နှင့် ၄၉ နှစ်အကြားရှိ လူများသေဆုံးမှု၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပြီး နေ့စဉ် အရက်တစ်ခွက်တစ်လေ သောက်ခြင်းကပင် ကင်ဆာ၊ နှလုံးသွေးကြောရောဂါနှင့် တီဘီရောဂါတို့ကဲ့သို့သော ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေ မြင့်တက်စေနိုင်သည်ဟု အစီရင်ခံစာကဆိုသည်။

နေ့စဉ် ဘီယာတစ်ခွက်ဖြစ်စေ၊ ဝိုင်တစ်ဖန်ခွက်ဖြစ်စေ၊ အရက်တစ်ငုံဖြစ်စေ သောက်သုံးမှုသည် ကျန်းမာရေးဆိုးကျိုး ၂၃ မျိုးထဲမှ အနည်းဆုံးတစ်မျိုး ဖြစ်နိုင်ချေ ၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်စေသည်ဟု ပညာရှင်များက တင်ပြထားသည်။ 

F-01