POST TYPE
HEALTH
မကွေး၌ ကန်ဒေါ်လာ ၁၂ သန်းကျော်ကုန်ကျမည့် ဆေးရုံဆောင်ဆောက်မည်
03-Aug-2018
မကွေး၊ ဩဂုတ် ၂
မကွေးတိုင်း ဆေးရုံကြီးဝင်းအတွင်း၌ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်း ကုန်ကျမည့် သားဖွားမီးယပ်နှင့် မွေးကင်းစ ကလေးများအတွက် သုံးထပ်ဆောင်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
ယခုတည်ဆောက်မည့် ၃ ထပ် အဆောက်အအုံတွင် မိခင်နှင့်ကလေး လူနာများအတွက် သီးခြားအဆောင်ဌာနအဖြစ် ပြုလုပ်မည်ဖြစ်ပြီး သားဖွားမီးယပ် ကုသရန်အတွက်လည်း မေ့ဆေးနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများလည်း ပါဝင်မည်ဖြစ်ကြောင်း မကွေးဆေးရုံကြီးထံမှသိရသည်။
အဆိုပါဆေးကုသဆောင်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လမှ စတင်တည်ဆောက်သွားမည်ဖြစ်ပြီး ၂၂ လကြာ တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါဆေးရုံထံမှသိရသည်။
မကွေးတိုင်းဆေးရုံကြီးကို ၁၉၆၄ ခုနှစ်က ခုတင် ၂၀၀ ဆံ့ ဆေးရုံအဖြစ် စတင်တည်ဆောက်ခဲ့သော်လည်း တိုင်းအတွင်းရှိ ခရိုင် ၅ ခုမှ အတွင်းလူနာ ၅၀၀ ခန့် နေ့စဉ်လာရောက်ကုသနေကြသဖြင့် အဆောက်အအုံများ လိုအပ်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
R-23
- VIA
- Thura Htun
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
20-Feb-2019
-
15-Feb-2019