News

POST TYPE

HEALTH

မြန်မာနိုင်ငံအရိုးအကြောအဆစ် ဆေးပညာအဖွဲ့ မိတ္ထီလာတွင် အခမဲ့ကုသပေးမည်
မိတ္ထီလာ၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံအရိုးအကြောအဆစ် ဆေးပညာအဖွဲ့မှ ဆရာဝန်ကြီးများက ဩဂုတ်လ ၄ ရက်နေ့တွင် မိတ္ထီလာပြည်သူ့ ဆေးရုံကြီး၌ အခမဲ့ကုသပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များ အသင်း (မိတ္ထီလာ) အတွင်းရေးမှူး ဒေါက်တာဦးခင်စိုးက ပြောကြားသည်။

“ရန်ကုန် ဆေးရုံကြီးက ပါမောက္ခ ဒေါက်တာ ဦးချစ်စိုးနဲ့အဖွဲ့လာမှာပါ။ မွန်းလွဲ ၁ နာရီကနေ ၄ နာရီလောက်အထိ ကြည့်မယ်။ ကျွန်တော်တို့ဆေးရုံဘက်ကနေ ကူညီပေးမယ်။ အဲဒီနေ့မှာပဲ ဆေးရုံမှာပဲ မိတ္ထီလာခရိုင်ထဲက ဆရာဝန်တွေကို အဲဒီအဖွဲ့ထဲက ဆရာဝန်ကြီးနှစ်ယောက်က စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေးအတွက် အရိုးအဆစ်ရောဂါ ကုသရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပို့ချပေးပါမယ်”ဟု ၎င်းက ရှင်းပြသည်။ 

အရိုးအကြောအဆစ်ဆရာဝန်ကြီးများနှင့် ကုသလိုသူများအနေနှင့် မိတ္ထီလာ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဆက်သွယ်စာရင်းပေးနိုင်သည်။

M-05