News

POST TYPE

HEALTH

Connect University က အခမဲ့တက်နိုင်မည့် ပရိုဂရမ်အသစ်ဖွင့်
27-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၆

အမေရိကန်တက္ကသိုလ်များတွင် သင်ကြားသော နိုင်ငံရေးသိပ္ပံဘာသာရပ်၊ နည်းပညာဘာသာရပ်များ၊ အနုပညာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘာသာရပ်များကို နယူးယောက်နှင့် ကယ်လီဖိုးနီးယား တက္ကသိုလ် ပါမောက္ခများကိုယ်တိုင် Short Lecture အဖြစ် ပို့ချပေးမည်ဖြစ်ကြောင်း Connect University ထံမှ သိရှိရသည်။

ယင်းဘာသာရပ်များအကြောင်း ဇူလိုင်လ ၂၆ ရက်မှ စတင်ကာ ဩဂုတ်လ ၂၃ ရက်ထိ အပတ်စဉ် ကြာသပတေးနေ့တိုင်း ညနေ ၃ နာရီမှ ၄ နာရီခွဲထိ Open Lecture Series Program အဖြစ် ဖွင့်လှစ်ကာ သင်ကြားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့တက်နိုင်မည်ဖြစ်သည်။

ယင်းလုပ်ငန်းတည်ထောင်သူ ဦးအောင်ဖုန်းမြင့်က “ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တကယ်လို့ နိုင်ငံခြားမသွားနိုင်သေးဘူး၊ နိုင်ငံခြားပရိုဂရမ်တွေကို မတက်နိုင်သေးဘူးဆိုရင်တောင် ဒီပရိုဂရမ်တွေကို ဆက်သွယ်ပြီးတော့ အမေရိကန်တက္ကသိုလ်က ပါမောက္ခတွေနဲ့ ထိတွေ့ဆွေးနွေးခွင့်ရပြီး တော်သွားမှာပေါ့”ဟု ဆိုသည်။

Connect University တွင် အခမဲ့အဖြစ် အင်္ဂလိပ်စကားပြောစွမ်းရည်နှင့် ပေါင်းသင်းဆက်ဆံမှု စွမ်းရည်လေ့ကျင့်ပေးသော Public Speaking Club နှင့် အားကစား၊ အနုပညာ၊ အတွေးအခေါ်နှင့် နည်းပညာ အစရှိသည်တို့ ဆွေးနွေးလေ့ရှိသည့် Public Events တို့ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ညနေ ၃ နာရီမှ ၅ နာရီထိ ဖွင့်လှစ်လျက်ရှိသည်။ 

တက်ရောက်လိုသူများအနေနှင့် ဖုန်း-ဝ၉၇၇၉၀၀၀၉၀၀ သို့ ဆက်သွယ်၍ စာရင်းပေးသွင်းရမည်။ Connect University သည် နယူးယောက်နှင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ အစိုးရတက္ကသိုလ်များသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်ကို မြန်မာပြည်တွင်း၌ တက်နိုင်ရန် ဖွင့်လှစ်ထားသော တက္ကသိုလ်ဖြစ်သည်။ 

J-19