News

POST TYPE

HEALTH

ရွှေတိဂုံ ယာယီသွေးအလှူခံနေရာသို့ သွေးလှူရှင် ခြောက်ထောင်ကျော် လာရောက်လှူဒါန်း
20-Jun-2018
ရန်ကုန်၊ ဇွန် ၁၉
 
အမျိုးသားသွေးဌာနက ဖွင့်လှစ်ထားသည့် ရွှေတိဂုံစေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းထိပ်ရှိ ယာယီသွေးအလှူခံသည့်နေရာသို့ သုံးလအတွင်း သွေးအလှူရှင် ခြောက်ထောင်ကျော် လာရောက်လှူဒါန်းကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

အဆိုပါ ယာယီသွေးအလှူခံသည့် နေရာကို မတ်လ ၁၀ ရက်နေ့မှစတင်ကာ ရွှေတိဂုံစေတီတော်ကြီး၏ ဂေါပကအဖွဲ့ကို အကူအညီတောင်းခံ၍ နေ့စဉ် ညနေ ၄ နာရီ မှ ည ၇ နာရီအထိ ယာယီသွေးအလှူခံလျက်ရှိရာ ဘုရားဖူးပြည်သူများထဲမှ သွေးလှူရှင် ၆,၆၇၅ ဦး လာရောက်လှူဒါန်းခဲ့ကြောင်း အမျိုးသားသွေးဌာနထံမှ သိရသည်။

ဒီလိုအလှူခံတာကတော့ လုံလောက်တဲ့အထိပေါ့။ ပိုလျှံမှပဲ ရပ်သွားမှာပါ”ဟု အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်က ဆိုသည်။

ထို့အပြင် ပထမအကြိမ် သွေးလှူဒါန်း၍ လေးလပြည့်ပြီး တစ်ဦးချင်း သွေးအလှူရှင်များကို ဝန်ထမ်းများက နေ့စဉ် လူဦးရေ ၉၀ အား ပြန်လည်ဆက်သွယ်အကူအညီတောင်းခြင်း (Individual Call)၊ သွေးလှူရှင်များ၏ မွေးနေ့တွင် သွေးလှူဒါန်းခြင်းဖြင့် ကုသိုလ်ယူနိုင်ရန် မွေးနေ့မတိုင်မီ တစ်ပတ်အလိုတွင် မွေးနေ့ရှင်အားအသိပေးခြင်း (Birthday Call) စသောနည်းလမ်းများကို ဇန်နဝါရီလမှ စတင်ကာကျင့်သုံးခဲ့ရာ ထိရောက်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်အထိသာ ထိရောက်မှုရှိကြောင်း အမျိုးသားသွေးဌာနထံမှ သိရသည်။

J-12