News

POST TYPE

HEALTH

စိတ်ကျန်းမာရေးဥပဒေအသစ် ရေးဆွဲ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပြည်သူလူထုအခြေပြု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ကုသမှုလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေးအတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေအသစ်ကို မတ်လအတွင်း ထပ်တိုးရေးဆွဲသွားမည်ဖြစ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) မှ ပါမောက္ခ ဌာနမှူး ဒေါက်တာတင်ဦးက ပြောကြားသည်။

“အခုက စိတ်ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေဆိုပြီး ထပ်ထည့်တာပေါ့။ ဆရာတို့ အခုသုံးနေတဲ့ သူရူး အက်ဥပဒေ (Lunacy Act) မှာရှိတဲ့ သုံးလို့ရတာတချို့ရယ်၊ လက်ရှိအချိန်နဲ့ လိုက်လျောညီထွေရှိတဲ့ ဟာရယ်ကို ဆက်ထားမှာပါ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင်အသုံးပြုလျက်ရှိသော စိတ်ကျန်းမာရေးနှင့်ဆက်စပ်သော ဥပဒေသည် ၁၉၁၂ ခုနှစ်ကစတင်ခဲ့သည့် (Lunacy Act) သာဖြစ်ပြီး ယင်းဥပဒေကို ၁၉၉၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တို့တွင် ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) ထံမှ သိရသည်။

J-12