News

POST TYPE

HEALTH

သက်ကြီးရွယ်အိုများကို ရှုထောင့်စုံ ပြုစုစောင့်ရှောက်ရန် လိုအပ်
24-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၃

သက်ကြီးရွယ်အိုများကို ဆေးပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်၊ လူမှုရေးဆိုင်ရာ ရှုထောင့်၊ ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်နှင့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်တို့မှ ပြုစုစောင့်ရှောက်ပေးရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

လူထုအနေနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရန် ငယ်စဉ်ကတည်းကပင် ပုံမှန်လေ့ကျင့်ခန်းများ၊ အဆီဓာတ်၊ အငန်ဓာတ်နှင့် အချိုဓာတ်လွန်ကဲသည့် အစားအသောက်များကို ရှောင်ကြဉ်၍ စားသုံးတတ်သည့်အလေ့အကျင့်များ မွေးမြူကျင့်သုံးပါက မကူးစက်တတ်သော ရောဂါများဖြစ်ပွားခြင်းကို လျှော့ချနိုင်ကာ ကျန်းမာဖျတ်လတ်သည့် သက်ကြီးရွယ်အိုဘဝကို ရရှိနိုင်မည်ဖြစ်ကြောင်း “ကျန်းမာဖျတ်လတ်သော သက်ကြီးရွယ်အိုဘဝကို လူတိုင်း ပိုင်ဆိုင်ရရှိနိုင်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများအား မြန်မာနိုင်ငံ၏ ရှုထောင့်အမြင်မှဆွေးနွေးခြင်း” စာတမ်းဖတ်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ထိုကဲ့သို့ ကျန်းမာဖျတ်လတ်သည့် သက်ကြီးရွယ်အိုဘဝကို ရရှိနိုင်ရေးတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မိခင်နှင့်ကလေး ကျန်းမာရေးစီမံချက်၊ ဆယ်ကျော်သက် ကျန်းမာရေးစီမံချက်၊ ကူးစက်တတ်သော ရောဂါများနှင့် မကူးစက်တတ်သော ရောဂါနှိမ်နင်းရေး စီမံချက်များကို ငယ်ရွယ်စဉ်မှ လူလတ်၊ လူကြီးပိုင်းအထိ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-12