News

POST TYPE

HEALTH

မှားယွင်းနေတဲ့ အရေပြားဆိုင်ရာ အယူအဆတွေ
07-Sep-2016


(၁) မျက်နှာပြင် လေ့ကျင့်ခန်းတွေ လုပ်ရင် မျက်လုံးအောက်က အရေးအကြောင်းတွေကို လျော့ပါးစေလိမ့်မယ်လို့ အရေပြား အလှအပ အကြံပြုချက်တွေမှာ မကြာခဏ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းနေတဲ့ အယူအဆ ဖြစ်ပြီး ဖြစ်နေပြီးသား အရေးအကြောင်းတွေ ပျောက်သွားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပိုပြီး ဆိုးရင်တောင် ဆိုးသွားနိုင်ပါသေးတယ်။

 

(၂) အုန်းဆီဟာ သဘာဝက ဖြည့်ဆည်းပေးတဲ့ အစိုဓာတ် ထိန်းသိမ်းရေး ပစ္စည်းတွေလို့ ဆိုသူတွေ ရှိပါတယ်။ တချို့ လူတွေအတွက် မှန်နိုင်ပေမယ့် အုန်းဆီဟာ ချွေးပေါက် ပိတ်ဆို့တာ၊ ဆားဝက်ခြံ ဖြစ်စေတာ၊ အနီစက်တွေ ဖြစ်ပေါ်စေတာ စတဲ့ ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ် စေနိုင်ပါတယ်။ နောက်ပြီး လူတွေ ပြောကြသလို အစိုဓာတ် အားဖြည့်ရာမှာ အာနိသင် ကောင်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။

 

(၃) တစ်နေ့လုံး အမိုးအကာ အောက်မှာပဲနေလို့ နေရောင်ကာ ခရင်မ် မလိုဘူးလို့ ထင်ကြပါတယ်။ ဒါပေမဲ့ ပြတင်းပေါက်တွေ၊ မှန်တွေသာ ရှိနေရင် အဆောက်အအုံ အတွင်းမှာနေလည်း နေရောင်ကာ ခရင်မ် လိမ်းဖို့ လိုပါတယ်။

 

(၄) အသက် ၃၀ ကျော်သွားရင် ဝက်ခြံ မထွက်တော့ဘူး ဆိုတာဟာလည်း လူ တော်တော်များများ မှားယွင်းနေတဲ့ အယူအဆ တစ်ခုပါ။ စိတ်ဖိစီးတာ၊ အစားမှားတာ၊ ကိုယ်ဝန်ဆောင်တာစတဲ့ အဖြစ်အပျက်တွေကြောင့် ဟောင်မုန်းဓာတ် လွန်ကဲမယ်ဆိုရင် ဘယ်အသက်အရွယ်မဆို ဝက်ခြံ ထွက်နိုင်ပါတယ်။

 

(၅) ရေအများကြီး သောက်ရင် အသားအရေ ကြည်လင် တောက်ပလာမယ်လို့ ဆိုကြပါတယ်။ ရေဓာတ်ဟာ အရေပြားရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပေမယ့် အများကြီး သောက်ရင်တော့ ဆီး ခဏခဏ သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ အမျိုးသားဆိုရင် တစ်နေ့ကို ရေ သုံးလီတာ သောက်သင့်ပြီး အမျိုးသမီးတွေဆိုရင် ရေ (၂.၂) လီတာ သောက်သင့်တယ်လို့ National Institute of Medicine က ဆိုပါတယ်။

 

Ref : rd.com


  • VIA