News

POST TYPE

HEALTH

လူငယ်များအတွက် HAY Yangon မှ အားကစားလှုပ်ရှားမှု အစီအစဉ်များ ပြုလုပ်မည်
22-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

Healthy & Active Youths(HAY Yangon)မှ ကျန်းမာတက်ကြွ လူငယ်ဘဝ ဖြစ်စေရေးအတွက် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် အားကစား လှုပ်ရှားမှု အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအစီအစဉ်၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းအေးက ပြောကြားသည်။ 

“လူငယ်တွေက Night Out ထွက်ကြတယ်။ ဖုန်းတွေနဲ့ အချိန်ကုန်နေကြတယ်။ ဒီတော့ တစ်နေ့တာ အားကစားလုပ်ဖို့ အချိန်မရှိတော့ဘူး။ လူငယ်တွေ ပိုကောင်းတဲ့ Lifestyle ဖြစ်အောင် ဒီအစီအစဉ်လေးတွေကို စလုပ်ဖြစ်တာပါ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ အားကစား လှုပ်ရှားမှု အစီအစဉ်သည် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ယင်းအစီအစဉ်တွင် ဂိမ်းကစားခြင်း၊ Gym၊ Yoga နှင့် ဆက်စပ်သည့် အားကစားနည်းများ ပါဝင်မည်ဖြစ်ကြောင်း HAY Yangon ထံမှသိရသည်။

ကျန်းမာတက်ကြွ လူငယ်ဘဝ အားကစား အစီအစဉ်ကို နံနက် ၆ နာရီမှ ၇ နာရီခွဲအထိ သုဝဏ္ဏ အားကစားကွင်း၌ ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင်လည်းကောင်း ပြုလုပ်မည်ဖြစ်ပြီး သင်္ဃန်းကျွန်းရှိ ပြည်ထောင်စုပန်းခြံ၌ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တွင်လည်းကောင်း၊ ဇန်နဝါရီလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင်လည်းကောင်း၊ ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

J-12

  • VIA