News

POST TYPE

HEALTH

အမျိုးသမီးနှင့် လေဖြတ်အန္တရာယ်
20-Dec-2017 tagged as

လေဖြတ်ရောဂါဟူသည် ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်း ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဦးနှောက်သည် ၎င်း၏လုပ်ငန်းများကို လုပ်ဆောင်ရန် လုံလောက်သောသွေး ပုံမှန်ရရှိရန် လိုအပ်ပြီး ဦးနှောက်၏ အစိတ်အပိုင်းများသည် လိုအပ်သော သွေးပမာဏကို မရရှိပါက ၎င်းအစိတ်အပိုင်းအား ထိန်းချုပ်ထားသော ခန္ဓာကိုယ်မှ လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် လေဖြတ်လက္ခဏာများကို ဖြစ်ပေါ်စေပါသည်။

အမျိုးသမီးများတွင် တွေ့ရသော ရောဂါဖြစ်စေသည့် အကြောင်းတရားများ - ကိုယ်ဝန် အဆိပ်တက်ခြင်း၊ သန္ဓေတားဆေး အသုံးပြုခြင်း၊ သွေးဆုံးပြီး ဟော်မုန်း အစားထိုး အသုံးပြုခြင်းများကြောင့်ဖြစ်ပြီး ဆေးလိပ် သောက်သည့် အမျိုးသမီးများသည် ဆေးလိပ်သောက်သော အမျိုးသားများထက် ဦးနှောက် သွေးကြောပေါက်သော လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုသော အလားအလာ ရှိပါသည်။

နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ - အမျိုးသမီး လေဖြတ်လူနာများသည် ဦးနှောက်မှတ်ဉာဏ် ပိုမိုကျဆင်းနိုင်ခြင်း၊ လေဖြတ်ပြီး စိတ်ကျဝေဒနာ ပိုမို ခံစားရနိုင်ပါသည်။

ဖော်ပြပါအချက်များဖြင့် လေဖြတ်ရောဂါ ဖြစ်ပွားရန် အခွင့်အလမ်းများကို လျှော့ချပေးနိုင်ပါသည်။

သွေးပေါင်ချိန် ပုံမှန် ရရှိရန်ထိန်းပါ။ သွေးချို၊ ဆီးချိုကို စနစ်တကျ ကုသပါ။ သွေးတွင်း အဆီဓာတ်မတက်အောင် ဂရုစိုက်ပါ။ ဆေးလိပ်နှင့် အရက် သောက်ခြင်းကို ရှောင်ကြဉ်ပါ။ အချိုဓာတ်၊ အဆီဓာတ်နှင့် အငန် လွန်ကဲသော အစားအသောက်များ ကိုရှောင်၍ အမျှင်ဓာတ် ပါဝင်မှုများသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နေ့စဉ် စားသုံးသင့်ပါသည်။ 

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန် ပုံမှန်ထိန်းပါ။ စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။ လေမဖြတ်မီ ကြိုတင်သတိပေး လက္ခဏာများရှိပါက စောစီးစွာ ကုသမှု ခံယူသင့်ပါသည်။

Source : Myanmar Neurological Society

  • VIA
  • TAGS