News

POST TYPE

HEALTH

ကော်ဖီက ပေးစွမ်းမယ့် လှပခြင်း လက်ဆောင်တွေ
30-Aug-2016

ကော်ဖီဟာ စိတ်တက်ကြွစေရုံမကဘဲ အသားအရေနဲ့ ဆံပင်ကို လှပစေတဲ့ အကျိုးကျေးဇူးတွေကိုပါ ပေးနိုင်တယ်ဆိုတဲ့ သတင်းကောင်းကို ကော်ဖီချစ်သူတွေဆီ ဝေမျှချင်ပါတယ်။

ကော်ဖီဟာ မျက်အိတ်ဖောင်းတာကို လျော့ကျစေပါတယ်။ ကော်ဖီမှုန့်ကို အရေပြားပေါ်မှာ တင်ထားရင် အရေပြား ဖောင်းကြွနေတာတွေကို လျော့ပါးစေပြီး သွေးကြောတွေက အရည်တွေကိုလည်း စုပ်ယူပါတယ်။

ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အတွက် နာကျင်ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဒါမှမဟုတ် ရေတစ်ဇွန်းကို ကော်ဖီကြမ်းမှုန့်နဲ့ သမပြီး မျက်နှာချေးချွတ်ရာမှာ အသုံးပြုနိုင်ပါတယ်။

မျက်နှာလေး ဝင်းလက်တောက်ပနေစေဖို့ ကော်ဖီမှုန့်နဲ့ မျက်နှာပေါင်းတင်နိုင်ပါတယ်။ အရေအကြောင်းတွေကို ပါးစေပြီး ချွေးပေါက်ပိတ်ဆို့တာကိုလည်း ကာကွယ်ပေးပါတယ်။ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေ အရေပြားအတွင်း မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း သုံးဇွန်းကို နို့စိမ်းတစ်ခွက်နဲ့ရောပြီး မျက်နှာနဲ့လည်ပင်းမှာ သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေဆေးချပါ။

ဒါ့အပြင် ဆံကေသာရဲ့ အရောင်အသွေးကိုလည်း တောက်ပစေပြီး ဆံလုံးကို ထူစေပါတယ်။ ကော်ဖီမှုန့်ကို ရေနဲ့ပျစ်ပျစ်ဖျော်ပြီး ဆံပင်မှာသုတ်လိမ်းပါ။ ရေခြောက်သွားတဲ့အခါ ခေါင်းလျှော်ပါ။ ချောမွေ့တောက်ပနေတဲ့ ဆံကေသာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: wellnessbin.com



  • VIA