News

POST TYPE

HEALTH

ကျန်းမာရေးအတွက် လုပ်ဆောင်ရမယ့် အမူအကျင့်များ
29-Aug-2016

လူတစ်ယောက် ကျန်းမာတယ်ဆိုတဲ့ နေရာမှာ

ခန္ဓာကိုယ်ရော စိတ်ပါ မျှမျှတတ ကျန်းမာဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ နေ့စဉ် လူနေမှု ဘဝမှာ လုပ်ဆောင်သင့်တဲ့ အစားအသောက်၊ အမူအကျင့် အချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အစားအစာ

စိတ်မကျန်းမာတဲ့ သူတွေအတွက်တော့ နှလုံးရောဂါ ဖြစ်ဖို့နဲ့ လေဖြတ်နိုင်ဖို့  လွယ်တဲ့အတွက် အစားအစာပိုင်းနဲ့ ဒီရောဂါတွေ မဖြစ်အောင် စားသောက်နေထိုင် နိုင်ပါတယ်။ နှလုံး မကျန်းမာတဲ့ သူတွေက စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ အတက်အကျ မြန်တတ်ပါတယ်။ နှလုံး ကျန်းမာရေးအတွက် သစ်သီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေ များများ စားပါ။ ဆန်လုံးညို စားပါ။ ပရိုတင်းဓါတ် ပေါများတဲ့ ကြက်၊ ဘဲ၊ ငါးနဲ့ ပဲအမျိုးမျိုးဟာလည်း နှလုံး ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ သကြား၊ ဆားနဲ့ အဆီဓာတ် များလွန်းတဲ့ အစားအစာတွေကိုတော့ လုံးဝ ရှောင်ကြဉ် သင့်ပါတယ်။

တစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်း လျှောက်ပါ

နှလုံးကျန်းမာဖို့အတွက် သာမက ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းဖို့၊ အရိုးနဲ့  ကြွက်သားတွေ တည်ဆောက်ဖို့ နေ့စဉ် လေ့ကျင့်ခန်း လုပ်ဖို့ ကျန်းမာရေး သုတေသီတွေက တိုက်တွန်း ထားပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့နေရာမှာ ပြင်းပြင်းထန်ထန် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ယောဂ ကျင့်တာ၊ Zumba ကတာတို့လည်း လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန် မပေးနိုင်ဘူး အလုပ်များနေမယ် ဆိုရင်တော့  တစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်း လမ်းလျှောက်ဖို့ တိုက်တွန်း ထားပါတယ်။ ကားပါကင်ကနေ ကိုယ်သွားမယ့် နေရာအထိ လမ်းလျှောက်တာဖြစ်ဖြစ်၊ ဓာတ်လှေကားနဲ့ သွားရမယ့်နေရာကို ခြေကျင် လမ်းလျှောက်တက်တာဖြစ်ဖြစ် အလေ့အကျင့် လုပ်ပါ။ 

တစ်ပတ်ကို မိနစ် ၃ဝဝ လေ့ကျင့်ခန်း လုပ်ပါ

ခန္ဓာကိုယ် ဝနေတဲ့သူတွေ အတွက်တော့ ဝလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေက  ရှိလာမှာပါ။ တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်ကြား ကျအောင်တော့ အစားအသောက်နဲ့ ထိန်းနိုင်ပါတယ်။ တကယ်လို့များ ပေါင်ချိန် တော်တော်များများ  ကျချင်တယ် ဆိုရင်တော့ တစ်ပတ်ကို မိနစ် သုံးရာ လေ့ကျင့်ခန်း လုပ်ပါ။ 

ဆရာဝန်နဲ့ ပုံမှန်ပြသပါ

အများအားဖြင့်တော့ နေထိုင် မကောင်းတဲ့အခါမှသာ ဆရာဝန်နဲ့ ပြသလေ့ ရှိကြပါတယ်။ ကျန်းမာရေးအတွက် ဆရာဝန်နဲ့ ပုံမှန် ပြသတဲ့ အလေ့အကျင့် ပျိုးထောင်ထားပါ။ ကိုယ့်ကျန်းမာရေးကိုသာ ပုံမှန် ပြသနေမယ်ဆိုရင် ဆရာဝန်ကလည်း ကျန်းမာအောင် နေထိုင်တဲ့ နည်းလမ်းကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

စိတ်ဖိစီးမှု လျှော့ချပေးတဲ့ အလေ့အကျင့်တွေ

အသက်ရှု လေ့ကျင့်ခန်း လုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အနှိပ် ခံခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကျန်းမာစွာ စားသောက်ခြင်း၊ သူငယ်ချင်း၊ မိသားစု ဒါမှမဟုတ် ဆွေးနွေးတိုင်ပင်သူနဲ့ စကားပြောခြင်းတွေဟာလည်း စိတ်ဖိစီးမှုကို  လျှော့ချ ပေးပါတယ်။ 

Reference : http://www.webmd.com

  • VIA