News

POST TYPE

HEALTH

အသားအရေအတွက် အရေပြား ဆရာဝန်တွေကိုယ်တိုင် လိုက်နာတဲ့အချက် (၅) ချက်
29-Aug-2016
(၁) မျက်လုံးအတွက် သီးသန့်ခရင်မ် (Eye Cream) သုံးပါ

မျက်လုံးတစ်ဝိုက်က အရေပြားဟာ အနုနယ်ဆုံးနဲ့ အပါးလွှာဆုံးဖြစ်ပြီး အိုမင်းရင့်ရော်မှု အမြန်ဆုံး နေရာလည်း ဖြစ်တယ်လို့ အရေပြား အထူးကုဆရာဝန် ဒီဘရာဂျာလီမန်က ဆိုပါတယ်။  မျက်လုံးတစ်ဝိုက် အရေပြားကို ကိုယ်နဲ့သင့်တော်မယ့် Eye Cream တစ်ခုခု အချိန်ပေးပြီး ဂရုတစိုက် လိမ်းပေးသင့်ပါတယ်။ 

(၂) ပိုးသားခေါင်းအုံးစွပ်နဲ့ အိပ်ပါ

အိပ်ပျော်သွားတဲ့အခါ ခေါင်းအုံးစွပ်နဲ့မျက်နှာ ပွတ်တိုက်မိရာက အရေပြားဟာ ဖိဆွဲခံရသလိုဖြစ်ပြီး စိတ်ပျက်စရာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ ပိုးသားခေါင်းအုံးစွပ်ဆိုရင် ချောမွေ့နေမှာ ဖြစ်တဲ့အတွက် အရေပြားကို ထိခိုက်စေတော့မှာ မဟုတ်ပါဘူး။

(၃) သက်တံရောင်စဉ်အတိုင်း စားသုံးပါ

ဂျုံနဲ့ ဆန်တွေချည်းအများကြီးစားတာဟာ အသားအရေ ကြည်လင်ဖို့ အထောက်အကူ မပြုပါဘူး။ အသီးအရွက်တွေ သစ်သီးတွေကို အရောင်စုံစုံလင်လင် ရှိအောင် ရွေးချယ်စားသုံးပါ။ ဥပမာ - လိမ္မော်ရောင်ရှိတဲ့ မုန်လာဥနီ၊ အနီရောင်ရှိတဲ့ ခရမ်းချဉ်သီး၊ အစိမ်းရောင်ရှိတဲ့ ကန်စွန်းရွက် စသဖြင့် အမျိုးအစားများများ တွဲဖက်ပါ။

(၄) ဖုန်းပြောတဲ့အခါတိုင်း နားကြပ်တပ်ပါ

လက်ကိုင်ဖုန်းဟာ ပိုမွှားတွေ စုဝေးခိုအောင်းရာ နေရာတစ်ခုပါပဲ။ အော်ရီဂွန် တက္ကသိုလ်ရဲ့ သုတေသနတစ်ခုအရ ဆိုရင် ပျမ်းမျှအားဖြင့် လက်ကိုင်ဖုန်းတစ်ခုမှာ ဘက်တီးရီးယား အမျိုးအစားပေါင်း ၇၀၀၀ ကျော် ရှိပါတယ်။ ဒါကြောင့် ဖုန်းကို မျက်နှာနဲ့ ကပ်ထားမယ့်အစား နားကြပ်ကိုသုံးပါ။

(၅) သကြားဓာတ် လျှော့စားပါ

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသင့်စား စားသောက်ကုန်တွေမှာ ပြုပြင်ထားတဲ့ သကြားဓာတ်တွေပါပြီး ဒီသကြားဓာတ်ကို တစ်နေ့စာ ကယ်လိုရီ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းထက် မကျော်အောင် သတိထား စားသုံးသင့်တယ်လို့ အက်ဖ်ဒီအေက ထုတ်ပြန်ထားပါတယ်။ 
သကြားဓာတ်က အရေပြားအတွက် မကောင်းဘူး ဆိုတာဟာ အရေပြား အထူးကုတွေ အပြောများတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

Ref: rd.com


  • VIA